လန်ဒန်၊ သြဂုတ် ၂၆ ။ ။ စပါးအသင်းပိုင် ဝှိုက်ဟတ်လိန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကက်ပီတယ်ဝမ်းဖလားပွဲစဉ်တွင် အာဆင်နယ်အသင်းမှာ စပါးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ထိုပွဲစဉ်အပြီးတွင် အာဆင်နယ်ပရိသတ်များသည် ဝှိုက်ဟတ်လိန်းကွင်းမှ စပါးအသင်း၏ ဆောင်ပုဒ်များကို ဆုတ်ဖြဲဖျက်ဆီးခဲ့ကြသည့်အတွက် ကွင်းလုံခြုံရေးနှင့် မြို့တော်၏ရဲဝန်ထမ်းများက ထိန်းသိမ်းခဲ့ကြရသည်။
ထို့နောက် လန်ဒန်မြို့ ရဲဋ္ဌာန၏ ပြောရေးဆိုခွင့်ရှိသူက အာဆင်နယ်ပရိသတ် ၁၀ ဦးခန့်ကို ထိန်းသိမ်းဖမ်းဆီးခဲ့သည်ဟု အတည်ပြုခဲ့သည်။
ထိုဖြစ်ရပ်များဖြစ်ပွားပြီးနောက်တွင် အာဆင်နယ်အသင်းက စပါးအသင်းနှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အာဏာပိုင်အဖွဲ့အစည်းများနှင့်အတူ အပြစ်ရှိသူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကမူ ယခုဖြစ်ရပ်သည် ရာဇဝတ်မှုဖြစ်သည့်အတွက် အာဆင်နယ်အသင်းအနေဖြင့် အက်ဖ်အေ၏ စွဲချက်တင်မှုနှင့်ရင်ဆိုင်ရမည် မဟုတ်ကြောင်း ပြောဆိုထားသည်။
Ref ; ဂါးဒီးယန်း