နိုဝင်ဘာ ၉ ။ ။ ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ မနက်ပိုင်းကစပြီး တောမီးလောင်ကျွမ်းလျက် ရှိရာ မြေဧကပေါင်း ၇၀၀၀ ဟက်တာခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
မီးဘေးနဲ့ နီးစပ်ရာ ဗတ်တီစီရင်စုတစ်ဝိုက်က မြို့တွေဖြစ်တဲ့ ဗယ်လ်ကာနဲ့ ကွန်ကောင်းမြို့ရှိ ဒေသခံ ၂၀၀၀၀ ကျော်ကို ဘေးလွှတ်ရာပြောင်းရွှေ့နေထိုင်ကြဖို့ ကယ်လီဖိုးနီးယားမီးသတ်ဌာနက သတိပေးကြေညာခဲ့ပါတယ်။
စခရာမန်တိုမြို့နဲ့ ကီလိုမီတာ ၁၄၀ အကွာမှာ အဆိုပါတောမီး လောင်ကျွမ်းနေခဲ့တာဖြစ်ပါတယ်။
အဆိုပါတောမီးကြောင့် အဆောက်အဦတွေ ပြိုကျခဲ့သလို ဒဏ်ရာရသူ၊ ပိတ်မိနေသူတွေရှိနေပေမယ့် သေဆုံးသူမရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံတွေမှာ ကုသပေးလျက်ရှိသလို အဆောက်အဦထဲမှာ ပိတ်မိနေတဲ့ ဒေသခံတချို့ကိုလည်း ကယ်ဆယ်လျက်ရှိတယ်လို့ သိရပါတယ်။
တောမီးလောင်ကျွမ်းရာ ဒေသတစ်လျှောက်မှာ လေတိုက်နှုန်းဟာ တစ်နာရီ ၈၀ ကီလိုမီတာနှုန်းရှိတယ်လို့ သိရပါတယ်။
ကယ်လီဖိုးနီးယားရဲ့ ရာသီဥတုပူပြင်းခြောက်သွေ့မှုက တောမီးလောင်မှုကို ပိုမိုပြင်းထန်စေခဲ့တာ ဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ၊ စက်တင်ဘာလမှာကတည်းက ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝိုက်မှာ တောမီးတွေ လောင်ကျွမ်းနေခဲ့တာဖြစ်ပါတယ်။