မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုကြောင့် အီတလီမှာ သေဆုံးသူ ၂၉ ဦးအထိ ရှိလာ

မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုကြောင့် အီတလီမှာ သေဆုံးသူ ၂၉ ဦးအထိ ရှိလာ

ရောမ၊ နိုဝင်ဘာ ၅ ။                ။ အီတလီမှာ ဖြစ်ပေါ်နေတဲ့ မိုးသက်မုန်တိုင်းတွေနဲ့ ရေကြီးမှုတွေကြောင့် သေဆုံးသူဦးရေဟာ ၂၉ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။

ဗန်နီတိုပြည်နယ်ကနေ တောင်ပိုင်း စီဆီလီပြည်နယ်တစ်လွှား ဖြစ်ပေါ်နေတဲ့ ဒီသဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဝန်ကြီးချုပ်က နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။

မကြာသေးခင်က မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ကြုံဆုံခဲ့ရတဲ့ စီဆီလီပြည်နယ်ဆီ နိုဝင်ဘာ ၄ ရက်မှာ လာရောက်တဲ့ ဝန်ကြီးချုပ် ဂူစပီကွန်တီက အီတလီနိုင်ငံဟာ ကြီးမားတဲ့ ကံဆိုးမှုတွေ ဖြစ်ပေါ်ပါတယ်လို့ ဆိုပါတယ်။

“သီတင်းပတ်တွေ တော်တော်ရှိပြီ၊ နိုင်ငံဟာ ပြင်းထန်ဆိုးဝါးတဲ့ ရာသီဥတုထဲ ကျဆင်းနေရတယ်။ မိသားစုတွေလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်။ အစောပိုင်းက သေဆုံးသူ ၁၇ ဦး ရှိနေရာမှာ ပြီးတဲ့ရက်အနည်းငယ်မှာ မိုးသည််ထန်းလို့ သေဆုံးသူ ၁၂ ဦး ထပ်ရှိလာရတယ်။”လို့ ၎င်းက ပြောပါတယ်။

ခုလို ဝန်ကြီးချုပ်က စီဆီလီဒေသဆီ လာရောက်ချိန်မှာ ပြည်ထဲရေးဝန်ကြီးက ဗန်နီတိုအရပ်ဆီ သွားရောက်ကြည့််ရှုဖို့ ရှိနေပါတယ်။

သီတင်းတစ်ကျော်ကြာ ကြုံဆုံနေရတဲ့ မိုးသည်းထန်မှုနဲ့ လေပြင်းတိုက်ခိုက်မှုတွေကြောင့် အဂရီဂန်တိုမြို့မှာဆို မြစ်ကမ်းပါးရေတိုက်စားလို့ မိသားစုပေါင်း ၅၀ ကျော်ထက်မနည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly