အော်စလို၊ နိုဝင်ဘာ ၃ ။ ။ စစ်အေးအပြီး နေတိုးရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဆီ မဖိတ်ခေါ်ဘဲ ရောက်လာပုံရတဲ့ ရုရှရဲ့ ဆိုဗီယက်ပြည်ထောင်စုခေတ် စစ်လေယာဉ်ဟာ အနိမ့်ပျံ ရစ်ဝဲပျံသန်းတာကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
နော်ဝေကမ်းလွန်က အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ရဲ့ USS Mount Whitney စစ်လေယာဉ် ကုန်ပတ်ပေါ်မှာ မရိန်းတပ်သားတွေ စုရုံးဓာတ်ပုံရိုက်ချိန်မှာ ရုရှရဲ့ Tupolev TU-142 စစ်လေယာဉ်က ရစ်ဝဲပျံသန်းခဲ့တာ ဖြစ်ပါတယ်။
“ခရီးဝေး ရေကြောင်းကင်းလှည့် ထောက်လှမ်းရေးစစ်လေယာဉ် ဖြစ်ပါတယ်။”လို့ လေ့လာသူအဆင့် မရိန်းတပ်သားတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် လေယာဉ်ပုံစံအများအပြားကို တွေ့မြင်ဖူးပေမယ့် ခုလေယာဉ်ပုံစံမျိုးကိုတော့ သူ့သက်တမ်းတစ်လျှောက် ပထမဆုံး တွေ့မြင်ရဖူးတာလို့ ဆိုနိုင်ကြောင်း ၎င်းက ပြောပါတယ်။
စစ်အေးတိုက်ပွဲနောက်ပိုင်း မဟာမိတ်တွေရဲ့ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ နေတိုးရဲ့ Trident Juncture ဆိုတဲ့ ခုစစ်ရေးလေ့ကျင့်မှုကြီးကို ကျေနပ်မှု မရှိကြောင်း ရုရှက ရှင်းရှင်းလင်းလင်း ပြောထားပြီးလည်း ဖြစ်ပါတယ်။
သီတင်းနှစ်ပတ်ကြာမြင့်မယ့် ဒီ စစ်ရေးလေ့ကျင့်မှုကြီးဟာ ရုရှကို ဆန့်ကျင်ပြီး အင်အားပြသတာလို့ ရှုမြင်ပြီး သတိလည်း ပေးထားတာ ဖြစ်ပါတယ်။