အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် စက်တင်ဘာ ၁၆ ။         ။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို စက်တင်ဘာ ၁၆  ရက်နေ့ ညပိုင်း ကရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များ မှဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ မိဘပြည်သူများ၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ တိုင်းရင်းသားများနှင့် အင်းလေးသူ အင်းလေးသားများ၊ အင်းလေးကန်ကို ချစ်မြတ်နိုးကြသော အင်းလေးကန် ချစ်သူများအားလုံး စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည်စုံကြ ပါစေလို့ ရှေးဦးစွာ မေတ္တာပို့သဂါရဝပြုအပ်ပါတယ်ခင်ဗျား-

၂။ ကျွန်တော်ကတော့ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့် ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီက ညောင်ရွှေမြို့နယ် တစ်မြို့နယ်တည်းမှာပဲ ပြည်နယ်လွှတ်တော်အတွက်(၂)နေရာ၊ ပြည်သူ့လွှတ်တော် အတွက် (၁)နေရာ၊ အမျိုးသားလွှတ်တော်အတွက် (၁)နေရာနဲ့ အင်းတိုင်း ရင်းသားလူမျိုးကိုယ်စားလှယ်(၁)နေရာ စုစုပေါင်း ငါးနေရာသာ ရွေးကောက် ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ အင်းသားလူမျိုးတို့ရဲ့အထွတ် အမြတ်ဖြစ်တဲ့ အင်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်အဖြစ် ကျွန်တော်တို့ပါတီရဲ့ (ပညာရေးအတိုင်ပင်ခံ) ဒေါက်တာဒေါ်ခင်လှ (ခေါ်)မမော်လီ B.Sc,M.Sc,Ph.D(Physics) ပင်လုံတက္ကသိုလ် အငြိမ်းစားပါမောက္ခမှ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

၃။ ကျွန်တော်တို့ပါတီက ''အင်းအမျိုးသား'' လို့ နာမည်ခံထားပေမယ့် ကျဉ်းမြောင်းတဲ့ လူမျိုးရေးအစွဲနဲ့ဲ ဖွဲ့စည်းထားခြင်းမဟုတ်ပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပကတိအရှိတရားအရ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးနဲ့ ဖွဲ့စည်း ထားတဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း(၉၁)ပါတီပါဝင်ယှဉ်ပြိုင်ရာ မှာ နိုင်ငံရေးပါတီ (၅၃) ပါတီကတော့ မိမိတို့တိုင်းရင်းသားမျိုးနွယ်စု နာမည် များနဲ့ ပါတီတည်ထောင်ဖွဲ့စည်းထားကြပါတယ်။ အင်းတိုင်းရင်းသားမျိုးနွယ် စုကတော့ သင့်တင့်မျှတသော လူဦးရေ (.၀၁%) ရှိတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အင်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်တစ်ဦး ထားရှိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအဆက်ဆက်မှာလည်း ထူးချွန်ထက်မြက် သော ဒေသခံလူကောင်းလူတော်များရှိခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝတွေမှာ အခြေခံအုတ်မြစ်ဖြစ်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တစ်နည်း ဆိုတာ နိုင်ငံရေးစင်မြင့်မှာ လက်ဝေခံ၊ အဖြည့်ခံ၊ တစ်ဆင့်ခံအဖြစ်ထားရှိခဲ့ကြလို့ ကျွန်တော်တို့ဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားများ၊ အင်းလေးသူ အင်းလေး သား မျိုးနွယ်စုများ ကနိုင်ငံရေး နယ်ပယ်မှာ တန်းတူရည်တူ ပါဝင်နိုင်ရန် အတွက် ပါတီတည်ထောင်ခဲ့ရခြင်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကျွန်တော် တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဓနုတိုင်းရင်းသား၊ ပအိုဝ်းတိုင်းရင်းသား၊ ကယန်း(ပဒေါင်) တိုင်းရင်းသားတို့အပြင် ရှမ်းပြည်နယ်ရဲ့ အစ်ကိုကြီးဖြစ်တဲ့ ရှမ်းတိုင်းရင်းသား ကျွန်တော်တို့ပါတီကတော့ တိုင်းရင်းသားများအချင်းချင်း တန်းတူရည်တူရှိရေးနှင့် ချစ်ခင်လေးစားမှုကို အခြေပြုပြီး ဖက်ဒရယ် ပြည်ထောင်စုစိတ်ဓာတ်အပြည့်နှင့်မိမိလူမျိုးအမျာဆုံးနေထိုင်ရာ ညောင်ရွှေ မြို့နယ် မဲဆန္ဒနယ်တည်းကသာ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ နိုင်ငံရေး မှာ အာဏာမက်လို့၊ နေရာမက်လို့ မဟုတ်ပါ။ နိုင်ငံရေးလောကမှာ နိုင်ငံရေး စင်မြင့် နိုင်ငံရေးလုပ်ကိုင်ခွင့်မရှိခဲ့ရင် ဘယ်အစိုးရ တက်တက် ဘယ်ပါတီ နိုင်နိုင် အင်းသားလူမျိုးဟာ နိုင်ငံရေးး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့မှာ နေရာမရခဲ့ဘဲ နောက်ဆုံးပိတ်ဖြစ်တယ်ဆိုတာကို သမိုင်း သင်ခန်းစာအရသိရှိခဲ့ရတာမို့ ပါတီတည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

၄။ ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ ပင်လုံစာချုပ်ကြီးမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ဦးတင်ဧ(ရှမ်းပြည်)၊ ပင်လုံညီလာခံကြီးဖြစ်ပေါ်အောင် အဓိကပါဝင်ကြိုးစားခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်နဲ့ အလိုတော်ရိများရဲ့ နိုင်ငံရေးကျော့ကွင်းမှ လွတ်မြောက် အောင် လူထုတိုက်ပွဲနဲ့ ဦးစီးဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးတင်ဧ(ရှမ်းပြည်) ရဲ့ပြည်ထောင်စုစိတ်ဓာတ် ကို ဆက်လက်အမွေခံတဲ့ ပြည်ထောင်စုစိတ်ဓာတ် ပြည့်ဝသော အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဖြစ်ပါကြောင်း ရဲရဲကြီး တင်ပြလိုပါတယ်။

၅။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဟာ (၁-၆-၂၀၁၀) ရက်နေ့မှာပါတီမှတ်ပုံတင်အမှတ်စဉ် (၂၇) ဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖက် အင်အားကြီးနိုင်ငံရေးပါတီကြီးကို ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်မြေ(၅) ခုစလုံးမှာ အပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်။ ကျွန်တော်တို့ပါတီဟာ ငွေကြေးမှာ ဗလာနတ္ထိ၊ အာဏာဆို လည်း ဝေလာဝေး၊ ပါတီပိုင်ရုံးကလည်း မရှိ၊ ကိုယ့်အားကိုယ်ကိုး မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကို အပြည့်အဝအရင်းခံ၍ ပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဤကဲ့သို့ ငွေကြေးချို့တဲ့ စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီကို အင်းလေးဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူများ၊ အင်းသူအင်းသားတို့၏ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာတရားတို့နဲ့အတူ ယုံကြည်အားထားမှု ရရှိခဲ့ပါတယ်။ တစ်နည်းဆိုသော် ပြည်သူတို့ရဲ့အသည်းကြားမှ မဲတစ်ပြားကိုတော့ ပိုင်ပိုင်နိုင်နိုင်ရယူခဲ့သည့် ကျွန်တော်တို့ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီဖြစ်ပါတယ်။

ချို့ငဲ့သော ငွေကြေး၊ ပေးစရာဘတ်ဂျက်မပါရှိသော တိုင်းရင်းသားဝန်ကြီးဘဝ၊ စည်းရုံးရေးဆောင်ရွက်ရာတွင် အင်းသူအင်းသား ပြည်သူများ၏ ဖြူစင်သောမေတ္တာ၊ ချိုသာသောအပြုံး၊ နိုင်ကိုနိုင်ရ မည်ဟု ဖော်ပြနေသည့် ပြည်သူ့မျက်ဝန်းတို့မှ ပေါ်ထွက်လာသည့် အားမာန်၊ နှောင်ကြိုးမပါသောကူညီမှု၊ ထက်သန်သော မျိုးချစ်စိတ်၊ ရဲရင့်သည့်သတ္တိ တို့ဖြင့်တိုင်းရင်းသား ပြည်သူအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးခဲ့သည်ကိုလည်း ကျွန်တော်တို့ ထာဝစဉ်မမေ့ပါ။

၆။ ပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားမူဝါဒ

(က) တိုင်းရင်းသားများအားလုံး တစ်ပြေးညီ တိုးတက်လာပြီးပြည်ထောင်စုတစ်ရပ်လုံး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊လူမှုရေးဖွံ့ဖြိုး တိုးတက်လာကာ အရှေ့တောင်အာရှနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး။

(ခ) ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်။

(ဂ) ပြည်သူများ၏ ဆန္ဒနှင့်အညီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သွားမည်။

(ဃ) တိုင်းရင်းသားများအားလုံး အခွင့်အရေးတန်းတူရရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အစဉ်ထောက်ခံသည်။

၇။ နိုင်ငံရေးမူဝါဒ

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည့်နိုင်ငံရေးပါတီများအားလုံးပါတီကြီး၊ ပါတီငယ်ဟု ခွဲခြားသတ်မှတ်ခြင်းမရှိဘဲ၊ တန်းတူအခွင့်အရေးရှိရ မည်ဖြစ်ပြီး လေးစားစွာဆက်ဆံမည်။ နိုင်ငံရေးပါတီများအားလုံး ထာဝစဉ် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံတော်အစိုးရမှတာဝန်ယူဆောင်ရွက် ရမည်။ လိုအပ်ပါက နိုင်ငံတော်မှ အထောက်အကူပေးရမည်။

၈။ စီးပွားရေးလုပ်ငန်းစဉ်

(က) နိုင်ငံတော်တွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာစေရေး၊ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံခြားဘဏ်များအား လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက် အထူးအားပေးမည်။

(ခ) စီးပွားရေးတွင် အခွင့်ထူးခံ လူတန်းစားများမရှိစေရ၊ ပုဂူ္ဂလိက လုပ်ငန်းရှင်များနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထူးအားပေးမည်။ တွက်ခြေမကိုက်သော နိုင်ငံတော် မှဆောင်ရွက်နေသည့် စီးပွားရေးကဏ္ဍများကို  လျှောချဖျက်သိမ်း၍ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်။

၉။ တိုင်းရင်းသားရေးရာ

လုပ်ငန်းစဉ်များ

(က) တိုင်းရင်းသားများ အခွင့်အရေးကာကွယ် စောင့် ရှောက်သည့် ဥပဒေပြဋ္ဌာန်း ပြးီ ဖြစ်၍ ၎င်း ဥပဒေ အမြန် သက်ဝင်ဆုံးလှုပ်ရှားနိုင်ရန် ဆောင်ရွက်မည်။

(ခ) သက်ဆိုင်ရာ တိုင်းရင်းသား တို့၏ လက်မှုလုပ်ငန်းများ ဖွံ့ ဖြိုး းတးို တက်စေရန် ဆောင်ရွက်ပြီး ဈေးကွက် ရရှိရန် အစဉ်တစိုက် ဆောင်ရွက်မည်။

(ဂ) ပြည်နယ်နှင့်တိုင်းအတွင်းရှိ လူနည်းစု တိုင်းရင်းသားများ၏ စီးပွားရေး၊ ပညာရေး နှင့် လူမှုရေးများ ကူညီထောက်ပံ့နိုင်ရန် ဘတ်ဂျက် ရေးဆွဲပြီး သက်ဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီး များမှ စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် ဆောင်ရွက်မည်။

၁၀။ တောင်သူလယ်သမားများအတွက် လုပ်ငန်းစဉ်

(က) လယ်ယာမြေ ဖော်ထုတ်ရေးကို အဓိကဦးစားပေး မဖြစ်မနေဖော်ဆောင် သွားမည်။

(ခ) လယ်သမားမျာအတွက် ပုံစံ(၇) ကြန့်ကြာနေမှုကို စိစစ်၍ မှန်ကန်လွယ်ကူသော စနစ်ကို ဖော်ထုတ်မည်။

(ဂ) လယ်သမားများလယ်ယာမြေ ပြန်လည်ပေးအပ်ရေး နည်းစနစ်ကို လယ်သမားများ ဆန္ဒနှင့်အညီ ဆောင်ရွက်မည်။

(ဃ) သီးနှံမျိုးစုံမျိုးစေ့များ ပြည်တွင်းတွင် ထုတ်လုပ်နိုင်ရန် မဖြစ်မနေ ဆောင်ရွက်မည်ဖြစ်ပါသည်။

၁၁။ နိဂုံး

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင် သောမူဝါဒနှင့် အင်းလေးကန် ရေရှည်တည်တံ့၍ အင်းလေးကန်ရှိ တိုင်းရင်းသားအားလုံး ဖွံ့ဖြိုးတိုးတက်စေသည့် လုပ်ငန်းစဉ်များကို ဟန်ချက် ညီစွာ ပြည်သူ့လွှတ်တော် အသီးသီးတွင် ပါဝင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မိမိပါတီ မူဝါဒနှင့် ကိုက်ညီသော တူညီသော နိုင်ငံရေးပါတီ များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အထူးသဖြင့် ယခု စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းစတင်မဆောင်ရွက်နိုင်သေးသည့် အင်းလေးကန် အာဏာပိုင်အဖွဲ့သုံးစွဲရန် လိုအပ်သောရန်ပုံငွေကို အင်းလေးဇုန်ဝင်ခွင့်ရ ငွေမှ ၁၀၀ % ပြည့် ရရှိသုံးစွဲနိုင်ရန် ကြိုးပမ်းသွားမည်။ နိုင်ငံတော် ရန်ပုံငွေမှ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရရန်ပုံငွေမှလည်းကောင်း၊ အကူအညီများရယူ၍ ဒေသခံပြည်သူများ အင်းသူအင်းသားများ ပါဝင်သည့် ပြည်သူ့အခြေပြု ဒီမိုကရေစီ စနစ်နှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

နိဂုံးချုပ်အနေဖြင့် နှစ်ပေါင်းများစွာက ငုပ်လျှိုးပျောက်ကွယ်နေသည့် အင်းသားလူမျိုးတို့၏ နိုင်ငံရေးစင်မြင့်နှင့် မျိုးနွယ်စုဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးနိုင်ခဲ့သော ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအောင်နိုင် ဆုရ ''ခြေထောက်ဖြင့်လှော် ကမ္ဘာကျော်တဲ့ တို့အင်းသား'' ဆောင်ပုဒ်ပိုင်ရှင် ''အင်းအမျုးိသား ဖွံ့ဖြိုးတးိုတက်ရေးပါတီ"  ကို သင်ရဲရဲကြီးရွေးချယ်လိုက်ပါ။  ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ သာယာလှပသော အင်းလေးကန် ရေရှည်တည့်တံ့ရေးအတွက် ချစ်ခင်လေးစားရသော တိုင်းရင်းသားပြည်သူ များရဲ့ အသဲကြားမှ မဲတစ်ပြားကို ကျွန်တော်တို့ အင်းအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီအား ယုံကြည်စွာ ပေးအပ်လိုက်ကြပါလို့ ဆန္ဒပြုရင်း နိဂုံးချုပ်

အပ်ပါတယ်ခင်ဗျား...။

တိုင်းရင်းသားပြည်သူအားလုံး ကျန်းမာချမ်းသာကြပါစေ...။

အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

 ၁။

 ပါတီအမည်

  -

 အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ

 ၂။

 ပါတီအမည်(English)

  -

 Inn National Development Party

 ၃။

 ပါတီတည်ထောင်ခွင့်လျှောက်ထားသည့်နေ့

  -

 ၂၉.၄.၂၀၁၀

 ၄။

 လာရောက်လျှောက်ထားစဉ်ပါတိအင်အား

  -

 ၁၅ ဦး

 ၅။

 ပါတီလျှောက်ထားစဉ်ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်

  -

 ဦးဝင်းမြင့် ၊ ဦးအောင်ကြည်ဝင်း

 ၆။

 ပါတီတည်ထောင်ခွင့်ပြုသည့်နေ့

  -

 ၄.၅.၂၀၁၀

 ၇။

 ပါတီမှတ်ပုံတင်လျှောက်ထားသည့်နေ့

  -

 ၂၄.၅.၂၀၁၀

 ၈။

 ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့

  -

 ၁.၆.၂၀၁၀

 ၉။

 ခွင့်ပြုသည့်ပါတီအမှတ်စဉ်

  -

 အမှတ်စဉ်(၂၇)

 ၁၀။

 ခွင့်ပြုသည့်ပါတီအလံ

  -

 

 

 ၁၁။

 

 ခွင့်ပြုသည့်ပါတီတံဆိပ်

  -

 

 ၁၂။

 ပါတီ ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်မှုဆောင်စာရင်း

  -

 ဦးဝင်းမြင့် ၊ ဦးထွန်းအောင်(ထွေ/မှုး)

 ၁၃။

 ပါတီနယ်မြေ

  -

 ရှမ်းပြည်နယ်အတွင်း

 ၁၄။

 ပါတီရုံးချုပ်တည်နေရာ

  -

 အမှတ်(၂)၊ မင်္ဂလာရပ်၊ လမ်းမတော်လမ်း၊ ညောင်ရွှေမြို့နယ် ၊ ရှမ်းပြည်နယ်။

 ၁၅။

 ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်

  -

 ၀၈၁-၂၀၉၅၉၉၊ ၀၉-၄၂၈၃၁၀၀၁၁(ဥက္ကဌ)၊

၀၉-၄၂၈၃၁၀၀၃၇(ဦးအောင်ကြည်ဝင်း)

 ၁၆။

 ပါတီ၏မှုဝါဒများ

  -

 PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly