အငြင်းပွား တောင်တရုတ်ပင်လယ်၌ တတိယမြောက် လေယာဉ်ပြေးလမ်း တရုတ် တည်ဆောက်နေဖွယ်ရှိ ဟုဆို

အငြင်းပွား တောင်တရုတ်ပင်လယ်၌ တတိယမြောက် လေယာဉ်ပြေးလမ်း တရုတ် တည်ဆောက်နေဖွယ်ရှိ ဟုဆို
ဖော့က်စ်နယူးစ်

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်၏ ပိုင်နက်အငြင်းပွားနေသော အစိတ်အပိုင်းတွင် တတိယမြောက် လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်ရန် ပြင်ဆင်နေခြင်းမှာ ဖြစ်နိုင်ခြေ ပိုများ သည်ဟု အမေရိကန် ကျွမ်းကျင်သူတစ်ဦးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားသည်။     

ပြီးခဲ့သည့် ရက်သတ္တပတ်က စပရတ်တလေ ကျွန်းစုများပေါ် ရိုက်ယူခဲ့သည့် ဂြိုဟ်တုဓာတ်ပုံ များအရ ပေကျင်းက တည်ဆောက်ခဲ့သည့် ကျွန်းတုများအနက်မှ တစ်ခုဖြစ်သည့် Mischief Reef ပေါ်တွင် ဆောက်လုပ်မှုများ ဖြစ်ပွားနေပုံကို ဖော်ပြနေသည်ဟု အမေရိကန် မဟာဗျူဟာနှင့် နိုင်ငံ တကာ လေ့လာရေးဌာနမှ ဂရက် ပိုလင်းက ရိုက်တာသတင်းဌာနကို ပြောကြားသည်။

ပုံများအရ စပရတ်တလေကျွန်းစုထဲရှိ အခြားကျွန်းတု နှစ်ခုပေါ်တွင် တရုတ်လုပ်ခဲ့သည်နှင့် အလားတူစွာပင် ၃,၂၈၀ ကိုက်နီးပါး ရှည်လျားသည့် ဧရိယာပတ်ပတ်လည်တွင် တံတိုင်းတစ်ခု ကာထားသည် ကိုဖော်ပြနေသည်ဟု ပိုလင်းက ပြောကြားသည်။

ဇွန်လနှောင်းပိုင်းက ဓာတ်ပုံများ အရမူ Fiery Cros ဟု အမည်ရသည့် ကျွန်းတုတစ်ခုပေါ်တွင် ၃,၂၈၀ ကိုက် ရှည်လျားသည့် လေယာဉ်ပြေးလမ်းမှာ တည်ဆောက်ပြီးစီးလုနီးပါးဖြစ်နေ သည်ကိုဖော်ပြနေ သည်ဟု ဆိုသည်။ အခြားဓာတ်ပုံများအရ Subi ဟုခေါ်သည့် အခြားကျွန်းတုပေါ်တွင်လည်း အလားတူ တည်ဆောက်မှုများကို ပြုလုပ်နေကြောင်း ဖော်ပြနေသည်ဟုလည်း ပိုလင်းက ထပ်လောင်းပြော ကြားခဲ့သည်။

ဤလေယာဉ်ပြေးလမ်း သုံးခုက တရုတ်နိုင်ငံကို ဖိလစ်ပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် နေသည့် ဧရိယာများပေါ်တွင်ပါ အနည်းနှင့်အများ ကင်းလှည့်နေနိုင်မည်ဖြစ်သကဲ့သို့ တောင်တရုတ် ပင်လယ်ပေါ်မှ လေယာဉ်ပျံသန်းမှု အားလုံးကိုလည်း ခြိမ်းခြောက်နိုင်စေမည်ဖြစ်သည်။     အမေရိကန်က ရေပိုင်နက်အငြင်းပွားမှုတွင် ဘက်မလိုက်ရေးမူကို ကျင့်သုံးနေသော်လည်းတောင်တရုတ် ပင်လယ်တွင် ရေကြောင်းနှင့် လေကြောင်း လွတ်လပ်မှုမှာမူ ၎င်း၏ အမျိုးသား အကျိုး စီးပွားဖြစ်ကြောင်း ကြေညာထားသည်။

စက်တင်ဘာ ၁၄ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လယ်က ရိုက်တာကို ပြောကြားရာတွင်မူ ပေကျင်းသည် စပရတ်တလေ ကျွန်းစုများကို အငြင်းပွားစရာ မလိုသည့် အချုပ်အခြာပိုင်ဆိုင်မှု ရှိသောကြောင့် ထိုကျွန်းများပေါ်တွင် စစ်ရေးအဆောက်အအုံများ ထူထောင်ခွင့်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required