NLD အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့နိုင်ရေး ကူညီရန် ပုမ္ဗသီရိအမတ်မဲဆွယ်

NLD အပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့နိုင်ရေး ကူညီရန် ပုမ္ဗသီရိအမတ်မဲဆွယ်

နေပြည်တော်၊ စက်တင်ဘာ ၁၅။ ။ မြန်မာနိုင်ငံတွင် သမိုင်းအလှည့်အပြောင်းတစ်ခုဖန်တီးနိုင်ဖို့အတွက် လာမည့်နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲသည် အခွင့်အလမ်းဖြစ်ကြောင်းနှင့် ယင်းရွေးကောက်ပွဲတွင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ပြတ်ပြတ်သားသားအောင်ပွဲခံမည်ဆိုလျင် အစိုးရဖွဲ့ခွင့်ရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရည်မွန်(ခ)မောင်တင်သစ်က မဲဆွယ်စည်းရုံးဟောပြောမှုတွင် ပြောကြားခဲ့သည်။

 “ကျွန်တော်တို့ ဒီမိုကရေစီကိုတစ်ကယ်သွားချင်တယ်ဆိုရင် ဒီမိုကရေစီအင်အားစုတွေရဲ့လက်ထဲကို နိုင်ငံရေးအာဏာရောက်လာဖို့လိုတယ်။ ကျွန်တော်တို့လက်ထဲကို နိုင်ငံရေးအာဏာ မရောက်သရွေ့ တစ်ကယ်စစ်မှန်တဲ့ ဒီမိုကရေစီကို သွားဖို့ ကျွန်တော်တို့ မဖြစ်နိုင်ဘူး။ အဲ့တော့ အခု ရွေးကောက်ပွဲကတော့ ကျွန်တော်တို့ရဲ့ အခွင့်အလမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံလောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရခဲ့မယ်ဆိုရင် အစိုးရဖွဲ့ခွင့် ရရှိလာမယ်” ဟု စက်တင်ဘာလ ၁၅ ရက်က ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးမှုတွင် ဒေသခံမဲဆန္ဒရှင်များအား ပြောကြားခဲ့သည်။    

အစိုးရဖွဲ့ခွင့်ရခြင်းသည် နိုင်ငံရေးအာဏာကို ကိုယ်ရဲ့အင်အားစုလက်ထဲသို့ ရောက်လာတာဖြစ်ကြောင်း နှင့် ထို သို့ ရောက်ဖို့ အခွင့်အရေးဖို့အတွက် လိုအပ်သည်မှာ လွှတ်တော်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ် အများစု အနိုင်ရဖို့အရေးကြီးကြောင်း မဲဆန္ဒရှင်များပြောကြားခဲ့သည်။

“အဆုံးအဖြတ်ပေးမယ့်သူက ဒီလွှတ်တော်ကိုယ်စားလှယ်တွေ အဲ့တော ဒီလွှတ်တော်နှစ်ရပ်မှာ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေသာ အများစု ပြည်သူလူထုက ပို့ဆောင်ပေးလိုက်မယ်ဆိုရင် NLD အစိုးရဖြစ်ခွင့် ဆုံးဖြတ်ချက် ချနိုင်မယ်။ အဲ့ဒီအတွက် အခုရွေးကောက်ပွဲ အရေးကြီးတယ်။ NLD ပြတ်ပြတ်သားသား အောင်ပွဲခံဖို့ လည်း အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့ ပြောနေတာ” ဟု မင်္ဂလာဒီပရပ်ကွက် ဒေသခံမဲဆန္ဒရှင်များကို ပြောကြားခဲ့သည်။    
                    
ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်းလွှတ်တော်ကိုယ်စား လှယ် (၆၆၄)ဦးရှိ ကြောင်းနှင့်ယင်းလွှတ်တော်နှစ်ရပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကိုယ်စားလှယ်များက (၃၃၃)ဦး အနိုင် ရမည်ဆိုလျင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဖွဲ့ခွင့်ရပြီဟု ပြောလို့ကြောင်း လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးရည်မွန်က ပြောကြားခဲ့သည်။                                
“အဲ့ဒီအတွက် မဲဆန္ဒပေးသည့်အခါတွင် မဲဆန္ဒရှင်များက ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ရော ကိုယ့်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်အောင် ပို့ပေးဖို့ လိုတယ် “ ဟု ဦးရည်မွန်(ခ)မောင် တင်သစ်ကပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly