ကြံ့ခိုင်ရေးနှင့် NLD မဲဆန္ဒနယ် ၁၈ ခုတွင် နှစ်ပါတီတည်း ပြိုင်မည်

ကြံ့ခိုင်ရေးနှင့် NLD မဲဆန္ဒနယ် ၁၈ ခုတွင် နှစ်ပါတီတည်း ပြိုင်မည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံအားပေးသည့် ကယားပြည်နယ်မှ ပြည်သူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို) 

ရန်ကုန်၊ စက်တင်ဘာ ၁၅။                    ။ အင်အားကြီးပါတီ နှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီတို့သည် လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၈ ခုအတွင်း နှစ်ပါတီတည်း ယှဉ်ပြိုင်ကြရမည်ကို မဇ္ဈိမ ရရှိထားသည့် မဲဆန္ဒနယ်များ စာရင်းတွင် တွေ့ရှိရသည်။

ပြည်သူ့လွှတ်တော် ငါးနေရာ၊ အမျိုးသား လွှတ်တော်အတွက် နှစ်နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် ၁၁ နေရာ စုစုပေါင်း ၁၈ နေရာတွင် နှစ်ပါတီတည်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

လာမည့် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး ကိုယ်စားလှယ်လောင်း ရာခိုင်နှုန်း ၁၇.၇ ရာခိုင်နှုန်းရှိသည်သူ၏ အဓိက ပြိုင်ဘက်ပါတီဖြစ်သော ကြံ့ခိုင်ရေးပါတီသည် ကိုယ်စားလှယ်လောင်း ၁၁၃၄ ဦး ယှဉ်ပြိုင်ရန် စာရင်းပေးထားပြီး ရာခိုင်နှုန်းအားဖြင့် ၁၇.၄ ရာခိုင်နှုန်း ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဓိက ပြိုင်ဘက်ဖြစ် ကြံ့ခိုင်ရေးပါတီဝင် ဦးရွှေမန်း ဖြူးမြို့တွင် စည်းရုံးရေး ဆင်းနေသည်ကို စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးလွင်)

 

 ကြံ့ခိုင်ရေးနှင့် NLD နှစ်ပါတီတည်း တွေ့မည် မဲဆန္ဒနယ်များနှင့် ရွေးကောက်ပွဲဝင် အမတ်လောင်းစာရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly