နေပြည်တော်နယ်မြေတွင် မဲပေးခွင့်ရှိသူ ၆၀,၀၀၀ ထပ်တိုး

နေပြည်တော်နယ်မြေတွင် မဲပေးခွင့်ရှိသူ ၆၀,၀၀၀ ထပ်တိုး
"တပ်မတော်သားနဲ့ မိသားစုဝင်၊  ရဲနဲ့ သူရဲ့ မိသားစုဝင်တွေ  ဒါထည့်သွင်း ပြီးတော့ ကြောညာတာတဲ့ဖြစ်တဲ့အတွက် ၆၇၈,၂၁၉ ဦး ရှိတယ်" ဦးကျော်မင်းဇော်

နေပြည်တော်၊ စက်တင်ဘာ။               ။ ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ်အတွက် စက်တင်ဘာ (၁၄) ရက်နေ့က ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း ထုတ်ပြန် ကြေညာခဲ့ရာ အဆိုပါ မဲဆန္ဒရှင်စာရင်းတွင်  မဲပေးနိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေသည် ၆၇၀,၀၀၀ ကျော် ရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးကျော်မင်းဇော် ကပြောသည်။

ပြည်ထောင်စုနယ်မြေ၌ ဒုတိယအကြိမ်ကြေညာသည့် မဲဆန္ဒရှင်စာရင်းတွင် တပ်မတော်သားများနှင့် မိ သားစုဝင်များ၊ ရဲတပ်ဖွဲ့နှင့် မိသားစုဝင်များကိုလည်း ထည့်သွင်ကြေညာခဲ့သည်။

ပြီးခဲ့သည့်မေလ ၂၅ ရက်တွင် ထုတ်ပြန်သည့် အခြေခံမဲဆန္ဒရှင် စာရင်းတွင် ပြည်ထောင်စုနယ်မြေ (၈) မြို့နယ်၌ မဲဆန္ဒရှင်ဦးရေစာရင်းသည် ၆၁၀,၀၀၀ ကျော် ရှိခဲ့သည်။ ယင်းစာရင်းတွင် တပ်မတော်သားများနှင့် ယင်းတို့၏ မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ယင်းတို့၏ မိသားစု ဝင်များမပါဝင်ခဲ့ပေ။

“ ပုံစံ ၃ နဲ့လျောက်ထားမှုရယ် တပ်မတော်သားနဲ့ မိသားစုဝင်၊  ရဲနဲ့ သူရဲ့ မိသားစုဝင်တွေ  ဒါထည့်သွင်း ပြီးတော့ ကြေညာတာ ဖြစ်တဲ့အတွက် ၆၇၈,၂၁၉ ဦး ရှိတယ်” ဟု ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးကျော်မင်းဇော် ကပြောသည်။                                             
ပြည်ထောင်စုနယ်မြေ (၈)မြို့နယ်တွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကြေညာသည့် မဲဆန္ဒရှင်စာရင်း တွင် နေပြည်တော်တွင် ရက်ပေါင်း ၁၈၀ နေထိုင်ပြီးဖြစ်သည့် ဝန်ထမ်းများ၏ စာရင်းမပါသေးကြောင်း သိရသည်။

“အခုလက်ရှိကတော့ ရက်ပေါင်း ၁၈၀ ကျော် နေထိုင်တဲ့ ဝန်ထမ်းတွေရဲ့စားရင်းတော့ လက်ခံဆောင်ရွက် နေပေမယ့် အခုကြေညာတဲ့ ထဲမှာတော့ မပါသေးဘူး” ဟု ရွေးကောက်ပွဲအရှာရှိ ဦးကျော်မင်းဇော်ကပြောသည်။

နေပြည်တောင်ကောင်စီ(၈)မြို့နယ်တွင် စက်တင်ဘာခ ၁၄ ရက်နေ့တွင် ကြေညာသည့် မဲစာရင်းသည် တပ်ကုန်းမြို့နယ်သည် မဲဆန္ဒရှင်ဦးရေ (၁၅၈၁၄၆ဦး) ဇေယျာသီ ရိမြို့နယ်တွင် (၇၇၀၇၇)ဦး၊ ဥတ္တရသီရိမြို့ နယ် တွင် ( ၄၂၂၄၈) ဦး၊ ပုပ္မသီရိမြို့နယ်တွင် (၅၉၄၀၆၇)( ဦး ၊ လယ်ဝေးမြို့နယ်တွင် (၁၉၂၆၆၄) ဦး၊ပျဉ်းမနားမြို့ နယ်တွင် (၁၁၇၂၁၃)ဦး၊ဒက္ခိဏသီရမြို့နယ်တွင် (၁၀၇၃၀)ဦး၊ဇမ္မူသီရိမြို့နယ်တွင် (၂၁၄၇၄)ဦး ရှိကြောင်း ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly