အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တွင်လောင်ကျွမ်းလျက်ရှိ သည့်တောမီးကြောင့်ထောင်ပေါင်း များစွာသောဒေသခံပြည်သူများမှာ နေအိမ်များစွန့်ခွာ ထွက်ပြေးကြရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ကလည်း အရေးပေါ်အခြေအနေကြေညာထားပြီဖြစ်သည်။
တောမီးကြောင့် နာပါနှင့် လိတ်စီရင်စုနယ်မြေများရှိ အဆောက်အအုံအိမ်ခြေရာခြေများ မီးလောင်ပျက်စီးကြောင်း အုပ်ချုပ်ရေးမှူးဂျယ်ရီဘရောင်းက ပြောသည်။
ဆန်ဖရန်စစ္စကိုမြောက်ပိုင်း မစ်ဒယ်တောင်းတွင် ပြည်သူဒေသခံပေါင်း ၁၃၀၀ ကျော် အိမ်များမီးလောင်ပျက်စီး၍ ဘေးလွတ်ရာသို့ ထွက်ပြေးကြရသည်။
မီးသတ်သမားလေးဦးလည်း မီးလောင်မှုဖြစ်၍ ဆေးရုံတွင် ကုသမှု ခံယူနေရသည်။
ကယ်လီဖိုးနီးယားမြောက်ပိုင်းတွင် ယခုတောမီးလောင်ကျွမ်းမှုမှာ အပူချိန်မြင့်မားပြီး မိုးခေါင်မှုရေရှည်ဖြစ်ပွားရာမှ လောင်ကျွမ်းခြင်းဖြစ်သည်။
တောမီးကို ငြိမ်းသတ်နိုင်ရေးအတွက် ဇူလိုင်လတစ်လအတွင်း ဒေါ်လာ ၂၁၂ သန်း ကုန်ကျသုံးစွဲထားပြီးဖြစ်ကြောင်း ကယ်လီဖိုးနီးယား သစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဘာလန့်က အေအက်ဖ်ပီသို့ ပြောသည်။
အိမ်ခြေအဆောက်အအုံပေါင်း ၂၇၅ လုံး မီးလောင်ပျက်စီးကြောင်း ၎င်းက ပြောပြီး ကြက်ခြေနီအသင်းကလည်း ဘေးလွှတ်ရာထွက်ပြေးသည့် ဒေသခံပြည်သူမျာအတွက်လည်း ယာယီအရေးပေါ်ခိုလှုံရေးစခန်းများ ဖွင့်ထားရပြီဖြစ်သည်။
Ref: BBC