IELTS ဖြေဆိုရန် လေ့လာသင်ယူနေသူများနှင့် အင်္ဂလိပ်စာ လေ့လာလိုက်စားသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် လက်လွတ်မခံသင့်သော ဗြိတိသျှကောင်စီ၏ အခမဲ့ online သင်တန်းတစ်ခုကို စတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို လာမယ့် စက်တင်ဘာလ ၂၁ ရက်တွင် စတင်မည်ဖြစ်ပြီး ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်မည် ဖြစ်ကြောင်း၊ တစ်ပတ်လျှင် ၂ နာရီ အချိန်ပေးရုံဖြင့် IELTS စာမေးပွဲအ ကြောင်း၊ အမှတ်ပေးပုံစံနှင့် စာမေးပွဲဖြေဆိုရန် ပြင်ဆင် လေ့လာနေသူများအတွက် အသုံးဝင်သော အကြံပေးချက်များကိုပါ လေ့လာသင်ယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းဆရာအဖြစ် Chris Cavey က တာဝန်ယူ သင်ကြားပေးသွားမည်ဖြစ်ပြီး IELTS အင်တာဗျူးအတွက် အကြိုလေ့ကျင့်ခန်းများ၊ အရေး၊ အပြော၊ အဖတ်နှင့် စကားပြောစွမ်းရည်များကို အချိန်ဇယားလိုက် သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
တက်ရောက်လိုသူများသည် - https://goo.gl/zyuJbr သို့ ဝင်ရောက်၍ ကြိုတင် စာရင်း ပေးသွင်းရမည် ဖြစ်သည်။