စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီခန့်က BGF မှ နယ်မြေရှင်းလင်းရေး တပ်ဖွဲ့ဝင်အချို့နှင့် DKBA နားမကြားအဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၁၀ ရက် နံနက်က အမှတ် ၃ တပ်နယ် BGF တပ်မှ တပ်ဖွဲ့ဝင် ၃ ဦးက ကော့က ရိတ်မြို့နယ် တစ်တန်ကူးကျေးရွာမှ ရွာသား ကိုစိုးနိုင်နှင့် သုံးဦးအား ခေါ်ဆောင်သွားပြီး ပျားပင်ကုန်း ကျေးရွာအလွန် ဒေါနတောင်ကြောအတွင်းရှိ DKBA နားမကြားစခန်းကို လိုက်လံပြသပေးရန် ပြောဆို ခဲ့သည်။
စခန်းကို တိတိကျကျ မသိကြောင်း ငြင်းဆိုသော်လည်း လက်မခဘပဲ အဓမ္မခိုင်းစေသဖြင့် တောနင်းရှာဖွေခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် DKBA နားမကြားစခန်းကို တွေ့ရှိပြီး ထိုအဖွဲ့မှ ၅ ဦးနှင့် BGF တပ်ဖွဲ့ဝင် ၈ ဦးတို့ အပြန်အလှန် ပစ်ခက်တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲ၌ DKBA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး BGF တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြသည်။ ဖြစ်စဉ်တွင် DKBA ထောင်ထားသော ဝါးညှောင့်ကို နင်းမိပြီး ကိုစိုးနိုင် ညာဘက်ခြေထောက်၌ ဒဏ်ရာရရှိခဲ့ သည်။
ယင်းဒဏ်ရာရရှိမှုကို BGF တာဝန်ရှိသူများက ဆက်လက် တာဝန်ယူပေးခြင်းမရှိသဖြင့် ကိုစိုးနိုင်မှာ မိသားစုကို လုပ်ကိုင်ကျွေးမွေးခြင်းမပြုနိုင်ဘဲ စားဝတ်နေရေး အခက်အခဲရှိကြောင်း သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု သိရသည်။