တနင်္ဂနွေနေ့က ကွန်မြူနစ်တီးဒိုင်း (အင်္ဂလန် စူပါဖလား) အတွက် မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီး တိုက်စစ်မှူး အဂူရိုရဲ့ တစ်ဦးတည်း သွင်းဂိုး ၂ ဂိုးနဲ့ ချယ်လ်ဆီးကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူးဟာ မန်စီးတီးအတွက် အဖွင့်ဂိုးကို ဖိုဒင်ရဲ့ ပေးပို့မှုကတစ်ဆင့် ပွဲချိန် ၁၃ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
မန်စီးတီးအသင်းအတွက် နောက်ထပ်တစ်ဂိုးကိုတော့ ဘာနာဒိုဆေးလ်ဗားရဲ့ သေသပ်တဲ့ ပေးပို့မှုကနေ အဂူရိုကပဲ ပွဲချိန် ၅၈ မိနစ်မှာ ပိတ်သွင်းယူပေးခဲ့ပါတယ်။
ဒီသွင်းဂိုးတွေနဲ့အတူ အဂူရိုဟာ မန်စီးတီးအသင်းအတွက်ပွဲပေါင်း ၂၉၃ ပွဲ ကစားပေးရာမှာ သွင်းဂိုး ၂၀၁ ဂိုးအထိ သွင်းယူခဲ့ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်က လာလီဂါကလပ် အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
Ref; EFE-EPA