နေပြည်တော်၊ စက်တင်ဘာ ၅ ။ ။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၆/၃ နှင့် ၂၃၆/၄ ကြား ရန်ကုန်မှ မန္တလေးသို့ သွားသည့် ရန်ကုန်-တောင်ကြီး-လားရှိုး "ရွှေလွန်းပျံ" Express ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက်ကာ ခရီးသည် ၁၉ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
ခရီးသည် ၂၈ဦး တင်ဆောင်လာသည့် ရွှေလွန်းပျံယာဉ်သည် ဘေးသို့ တိမ်းမှောက်ခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါရှိသူ ကျား(၁၀)ဦး၊ မ(၉)ဦး၊ စုစုပေါင်း(၁၉)ဦးမှာ မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိကာ နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။