ဘီးလင်းတွင် ရေထဲမျောပါသွားသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

ဘီးလင်းတွင် ရေထဲမျောပါသွားသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

ဇူလိုင် ၃၁ ။           ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် တပ်မတော်သား ၃ ဦးအနက် တပ်မတော်သား ၁ ဦး၏ နောက်ထပ်ရုပ်အလောင်းအား ထပ်မံတွေ့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က ဘီးလင်းတွင် ရေကြီးရေလျှံမှုများကြောင့် ဒေသခံများအား ကူညီနေစဉ် တပ်မတော်သား ၆ ဦး ရေစီးနှင့် မျောပါသွားရာ တပ်မတော်သား ၃ ဦး က တိုင်များ ဖက်တွယ်ထားနိုင်ပြီး ၃ ဦးမှာ မျောပါသွားခြင်း ဖြစ်သည်။

ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် မစောတံတား၏ တောင်ဘက် မီတာ ၁၄၀၀ ခန့်အကွာ ရေအောက်ရှိ ချုံနွယ် များအတွင်း ငြိတွယ်လျက်ရှိသော တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းကလည်း တပ်မတော်သား ၁ ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။

တွေ့ရှိသော တပ်မတော်သား ရုပ်အလောင်းအား ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ ၎င်းင်းစစ်သည်ရုပ်အလောင်းအား စစ်အခမ်းအနားဖြင့် ကောင်းမွန်စွာ သြင်္ဂိုဟ်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျန်ရှိ တပ်မတော်သား ၁ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ဇူလိုင်လ ၃၀ ရက်အထိ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ပေခန့် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေ သည်ဟု မိုးဇလမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly