ဇူလိုင် ၂၁ ။ ။ အမေရိကန်ပြည်ထောင်စု မစ်ဆိုရီပြည်နယ်ရှိ ရေကန်တစ်ခုမှာ ရေယာဉ်တိမ်းမှောက်မှုကြောင့် ၁၇ ယောက်သေဆုံးသွားခဲ့ပြီး ၉ ယောက်ဟာ မိသားစုဝင်တွေဖြစ်တယ်လို့ ကျန်ရှိနေတဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ကြာသာပတေးည၊ Branson မြို့အနီးရှိ Table Rock ကန်မှာ ရေယာဉ်စီးနေချိန်မှာ မုန်တိုင်းမိလို့ တိမ်းမှောက်သွားရတာဖြစ်ပါတယ်။
“ကျွန်မစိတ်တွေအရမ်းလေးလံနေတယ်။ ကျွန်မတို့မိသားစု ၁၁ ယောက်ထဲမှာ ကျွန်မနဲ့ တူလေးပဲကျန်တော့တယ်။ ကျွန်မရဲ့ခင်ပွန်း၊ ကလေးတွေ၊ ယောက္ခမတွေကိုဆုံးရှုံးလိုက်ရပြီ”လို့ Tia Coleman က ဆေးရုံခုတင်မှာ လဲလျောင်းရင်း တုန်တုန်ယင်ယင်နဲ့ပြောရှာပါတယ်။
“ရေယာဉ်ကပ္ပတိန်က ကျွန်မတို့ကို အသက်ကယ်အင်္ကျီဝတ်စရာမလိုဘူးလို့ပြောပါတယ်။”လို့ Coleman ကဆက်ပြောပါတယ်။
ခရီးသည် ၃၁ ဦးစီးနင်းလိုက်ပါလာတဲ့ ရေယာဉ်ဟာ မြေပေါ်မှာလည်း မောင်းနိုင်သလို ရေထဲမှာလည်း မြုပ်ဖို့ခက်တဲ့ ရေယာဉ်ဖြစ်တယ်လို့ ရဲအရာရှိကပြောပါတယ်။
လေပြင်းမုန်တိုင်းကို အံတုရင်း ကမ်းကပ်ဖို့ ကြိုးစားပေမယ့် လှိုင်းဒဏ်ကြောင့် မြုပ်ခဲ့ရတာဖြစ်ပါတယ်။