ဇူလိုင် ၂၁ ။ ။ မင်းသား Harry နဲ့ ကြင်ယာတော် Meghan တို့ရဲ့ ၂၀၁၉ ခုနှစ်၊ အမေရိကခရီးစဉ် မတိုင်ခင်မှာ ကြင်ယာတော် Meghan ဟာတစ်ကိုယ်တော်ခရီးထွက်မှာဖြစ်ပါတယ်။
ဒီနှစ်နွေရာသီမှာ နယူးယော့ခ်နဲ့ လော့စ်အိန်ဂျလိစ်က မိသားစုနဲ့သူငယ်ချင်းတွေဆီကို တစ်ဦးတည်းသွားရောက်လည်ပတ်မှာဖြစ်ပါတယ်လို့ Meghan ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
အသက် ၃၆ နှစ်အရွယ် Meghan ဟာ ၂၀၁၉ ခုနှစ်မှာ ကလေးမမွေးခင်၊ မွေးရပ်မြေကိုခေတ္တလည်ပတ်တာဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။
မင်းသား Harry နဲ့ ကြင်ယာတော် Meghan တို့ဟာ သြစတြေးလျ၊ နယူးဇီလန်၊ ဖီဂျီနဲ့ တန်ဂါနိုင်ငံကို အောက်တိုဘာလမှာ သွားရောက်လည်ပတ်မှာဖြစ်ပြီး အဲဒီအချိန်မတိုင်ခင် Meghan က မိသားစုဆီ ခေတ္တသွားရောက်လည်ပတ်မှာဖြစ်ပါတယ်။