ကနီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်ပြီး ပျက်စီးမှုများရှိ

ကနီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကျော်ပြီး ပျက်စီးမှုများရှိ

ဇွန် ၆ ရက် ၊ ကနီ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကာတာများ၊စိုက်ခင်းများ၊တံတားများ၊လမ်းများနှင့် ကမ်းပြိုခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

" ဒီနေ့ရယ် မနေ့ကရယ် ဒါကြောင့်ပါ ။ မုဋ္ဌောရွာ ရေကာတာပြိုတယ် ။ သမင်ခြံအုပ်စု ချောင်းမ ကနီလမ်းပေါ် တံတားချင်းကပ်လမ်း ပြိုကျတယ် ။ ကင်းတောင်၊ ဆင်ဆန်း၊ သရက်တော လမ်းပျက်တယ်။ ကနီမြို့ စျေးချောင်းတံတား ကမ်းကပ်ခုံ ထိခိုက်တယ် ။ ကနဲအုပ်စုမှာဆိုရင် ချင်းတွင်းကမ်းပါပြိုလို့ လူနေအိမ် သုံးလုံးရွေ့လိုက်ရတယ်။ တဆယ်ချောင်၊ မင်းကုန်း ၊ ငါးဖျက်၊ ယက္ကန်းတိုင် ၊ ချိုင်သရက်ပင်၊ ကဲဒေါင်၊ ကျွန်ပင်အိုင်၊ ကနီအမှတ် ၃ ကျွဲသောက်ကန်ရွာမှာဆိုရင် နှမ်း မြေပဲ ငှက်ပျော သီနှံမျိုးစုံ စိုက်တွေပျက်စီးတယ် ။ ပါဟဲကျေးရွာမှာက လူနေအမ်တွေရေဝင်တယ် ။ ငါးဖျက်ရွာရေကာတာပြိုတာတွေဖြစ်ပေါ်ခဲ့တယ်" ဟု ကနီမြိို့နယ် လွှတ်တော်ကိုယ်စားလှယ် ကိုထွန်းထွန်းဝင်းက ပြောသည်။

ယခုလက်ရှိ ပျက်စီးဆုံးရှုံးမှုများအတွက် စာရင်းများကောက်ခံနေပြီး မြေပဲခင်း၊နှမ်းခင်းများအတွက် ကွန်ပေါင်းဓာတ်မြေဩဇာများ၊ ပျက်စီးသွားသည့် လမ်းတံတားများ ရေကာတာများအတွက် သက်ဆိုင်ရာဌာနများ၏ ဘတ်ဂျက်ဖြင့် ပြန်လည်ပြင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလို မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ဆိုးဝါးစွာ လမ်းတံတားများ၊ ရေကာတာများ ပျက်စီးခြင်းသည် ကနီမြို့နယ်အတွင်း ပထမဆုံး ပျက်စီးခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်က သီးနှံစိုက်ခင်း ပျက်စီးခြင်းများသာ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly