ပခုက္ကူမြို့နယ်အတွင်းရှိ ရေလှောင်တမံတစ်ခု ကျိုးပေါက်

ပခုက္ကူမြို့နယ်အတွင်းရှိ ရေလှောင်တမံတစ်ခု ကျိုးပေါက်

ပခုက္ကူ၊ ဇွန်လ ၆ ။        ။ မိုးသည်းထန်စွာရွာသွန်းမှုကြောင် ့ ဇွန်လ ၆ရက် ေ န့နံနက်က ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာ အနီးရှိ ကန်တော် ရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှု ဖြစ်ပွားခဲ့သည် ။

အဆိုပါ ဆည်သည် ကျးရွာပိုင်ဆည်ဖြစ်ပြီး ခန့်မှန် းအားဖြင် ့ တစ်မိုင်ပတ်လည် ကျယ်ဝန်းပြီး ပုဂံ ခေတ်က စတင်တည်ဆောက်ခဲ့သည့် တစ်ဖက် ပိတ်ဆည် ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

"ကျိုးတဲ့ပုံစံက အပြင်​မှာ ​ကျောက်​ကြီးစီထားတယ်။ တွင်​းထဲက ဘာမှမရှိတဲ့အတွက်​ ​မြေသားဆို​တော့ စိမ်​့ပြီး ​ပေါက်​သွားတယ်​။ ဒီဆည်​ကျိုးသွားတဲ့အတွက်​ ​ရာသီဥတုအားဖြင်​့ မိုး​ရေချိန်​ နည်​းသွားမယ်​။ ဒီကန်​ကြီးမှာမှ ​ရေရှိရင်​ အနီးတဝိုက်​မှာ မိုး​ရေချိန်​လက်​မ မှန်​ကန်​ပြီး မိုး​ရေချိန်​ ပြည်​့မီအာင်​ရတယ်​"ဟု ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးစန်​းလွင်​က ဆိုသည်​။

ကန်​​တော်​ ​ရေ​လှောင်​တမံကျိုး​ပေါက်​ခဲ့မှု​ကြောင်​့ ပခုက္ကူ-​ပေါက်​ လမ်​းမကြီးတွင်​ ​ရေလျှံမှုဖြစ်​​ပေါ်ခဲ့ပြီး လမ်​းအား​ ခေတ္တ​ပိတ်​ထားခဲ့ရ​ကြောင်​း သိရသည်​။

"မ​နေ့က ညက မိုးရွာတာများ​တော့ မနက်​က စပြီး အဖျား​လေး စ​ပေါက်​တယ်​။သွားလို့လာလို့ရ​အောင်​ မီးသတ်​​တွေ ကြက်​​ခြေနီ​တွေနဲ့ ကူညီ​ပေး​နေရတယ်​။ တစ်ဖက်​က ဆည်​မှာလည်​း မြို့နယ်​အုပ်​ချုပ်​​ရေးမှူးက အ​ခြေအ​နေ​စောင်​့ကြည်​့​နေတယ်​။လက်​ရှိကြားရသမျှ​တော့ အားလုံးနီးပါး ကျိုးပေါက်​သွားပြီလို့ သိရတယ်​။​ရေ​တွေလည်​းများလာတဲ့အတွက်​ အသွားအလာ ခဏ ရပ်ထားတယ်​"ဟု ပခုက္ကူမြို့နယ်​ တိုင်​း​ဒေသကြီး(၁)လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဟန်​​ဇော်​၀င်​းက ​ပြောသည်​။

လက်​ရှိတွင် ဆည်​ကျိုး​ပေါက်​မှုအား တားဆီးရန်​ ကြိုးစား​နေကြပြီး ဆည်​​အောက်​ရှိ ​ ​ကျေးရွာအချို့အား အန္တရာယ်​သတိ​ပေးမှုများ လှည်​့လည်​နှိုး​ဆော်​​နေ​ကြောင်​း သိရသည်​။

​ယမန်နေ့ ဇွန်​လ ၅ ရက်​​နေ့ညက ပခုက္ကူမြို့နယ်​အတွင်​း မိုးသည်​းထည်​စွာရွာသွန်​းခဲ့ကာ မိုး​ရေချိန်​ လက်​မ ၁ဒသမ ၆၄ လက်​မ ရှိ​ကြောင်​း သိရသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly