အမေရိကန်နာမည်ကြီးအဆိုတော်ဖြစ်သည့် နစ်ခ်ယိုးနက်စ်သည် ဘောလိ၀ုဒ်နာမည်ကျော်မင်းသမီးဖြစ်သူ ပရီယန်ကာချိုပရာနှင့် တွဲခုတ်နေပြီး သူတို့နှစ်ဦးစလုံး ပျော်ရွှင်နေကြသည်ဟု သတင်းအများအပြားက ဖော်ပြခဲ့ကြသည်။
US Weekly ၏ အဆိုအရ သူတို့နှစ်ဦးသည် ပြီးခဲ့သောနှစ်က Met Gala ပွဲသို့ အတူတကွတက်ရောက်ခဲ့ကြ သော်လည်း သူတို့နှစ်ဦး၏တွဲခုတ်နေကြသည်မှာ သိပ်မကြာသေးကြောင်း သိသည်။ ပြီးခဲ့သောပိတ်ရက်က ပရီယန်ကာချိုပရာကို လှေတစ်စီးပေါ်၌ သူမ၏မိတ်ဆွေများနှင့် အပန်းဖြေနေသည်ကို တွေ့ခဲ့ရသလို သူမနှင့် နစ်ခ်ယိုးနက်စ်တို့သည် ပြီးခဲ့သောစနေနေ့ညက Los Angeles Dodgers အသင်းနှင့် Philadelphia Phillies အသင်းတို့၏ ဘေ့စ်ဘောပြိုင်ပွဲကို အတူတကွ သွားရောက်ကြည့်ရှုခဲ့ကြသည့်အတွက် ယခုလိုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
သူတို့နှစ်ဦးစလုံးဘက်မှ သတင်းများ၏ဖော်ပြချက်များကို အတည်ပြုခြင်း၊ ငြင်းဆန်ခြင်းများ မပြုလုပ်သေးသော် လည်း ထိုသတင်းများမှာ တွစ်တာပေါ်ရှိ ပရိသတ်များကြား၌ ဂယက်ထနေကြောင်း သိရသည်။ ဒါ့အပြင် သူတို့နှစ်ဦး တွဲခုတ်နေကြပြီဆိုသည့်အပေါ် ပရိသတ်အများအပြားက လက်ခံအားပေးလျက်ရှိသည်။
Ref: Billboard