နာမည်ကြီးတောင်ကိုရီးယားမင်းသမီးတစ်လက်ဖြစ်သော ကင်မ်ဟာနူသည် မကြာသေးခင်က သူမ၏ ပထမဦးဆုံးသမီးလေးကို ဖွားမြင်ခဲ့သည်။
မေလ ၂၈ ရက်နေ့က သူမ၏အေဂျင်စီဖြစ်သော Sidus HQ က “ကင်မ်ဟာနူဟာ မကြာသေးခင်က သမီးလေး တစ်ဦးကို ဖွားမြင်ခဲ့ပါတယ်။ မိခင်ရော ကလေးရော၊ နှစ်ယောက်စလုံး ကျန်းကျန်းမာမာပါပဲ” ဟု သတင်း ထုတ်ပြန်ခဲ့သည်။
ကင်မ်ဟာနူသည် လွန်ခဲ့သော ၂၀၁၆ ခုနှစ် မတ်လတုန်းက စီးပွားရေးသမားတစ်ဦးနှင့် ထိမ်းမြားလက်ထပ်ခဲ့သူ ဖြစ်သည်။ သူမ ကိုယ်ဝန်လွယ်ထားရပြီဆိုသောသတင်းကို လွန်ခဲ့သောအောက်တိုဘာလတုန်းက ကြေညာခဲ့ ခြင်းဖြစ်ပြီး နာမည်ကြီးပုဂ္ဂိုလ်များထံမှ ၀မ်းသာစကားအများအပြားကို လက်ခံရရှိခဲ့သည်။
သူမသည် ပထမဦးဆုံးရင်သွေးလေးလွယ်ထားရသည့်အတွက် အနုပညာလုပ်ငန်းများမှ ကာလအတန်ကြာမြင့် အောင် ရပ်နားထားခဲ့ပြီး ယခုအခါတွင် လှပချောမောသော သမီးဦးလေးကို ရရှိခဲ့ပြီဖြစ်သည်။
Ref: Soompi