မေ ၂၅ ။ ။ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အနောက်မြောက်ပိုင်းက မြစ်တစ်စင်းမှာ စက်လှေ တိမ်းမှောက်ခဲ့လို့ လူပေါင်း ၅၀ သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက မေလ ၂၅ ရက်မှာ ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ မေလ ၂၃ ရက် ညပိုင်းက မွမ်ဘိုယို မြစ်တွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ရှုအာပါ ခရိုင် လက်ထောက်အုပ်ချုပ်ရေးမှူး ရစ်ချတ် အမ်ဘိုရို အူကာက ပြောပါတယ်။
" မနေ့ကတော့ အလောင်း ၄၉ လောင်း ရှာတွေ့ခဲ့ပါတယ်၊ ဒီမနက် နောက်တစ်လောင်း ထပ်တွေ့ပါတယ်" လို့ ၎င်းက ပြောပါတယ်။
အဆိုပါ စက်လှေဟာ မွန်ကိုတိုမြို့ကနေ မာဘန်ဒါကာ မြို့ဆီကို ဦးတည်ပြီး ခရီးသည်တွေနဲ့ ကုန်စည်တွေကို ပို့ဆောင်ပေးခဲ့ရင်း ယခုဖြစ်စဉ်နဲ့ ကြံုတွေ့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေယာဉ် နစ်မြုှပ်ရခြင်း အကြောင်းရင်းနဲ့ ခရီးသည် မည်မျှ လိုက်ပါသွားလဲ ဆိုတာကိုတော့ ခုထက်ထိရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ယင်းနိုင်ငံက မြစ်ကြောင်းတွေမှာတော့ ခုလိုမျိုး ရေယာဉ်မတော်တဆမှုတွေ မကြာခဏ ဆိုသလို ဖြစ်ပေါ်နေခဲ့ပြီး ရေယာဉ်ကြံ့ခိုင်မှု ထိန်းသိမ်းမှုပိုင်းအားနည်းတာ၊ တန်ပို တင်ဆောင်တာ၊ လုံခြံုရေး ပစ္စည်း တပ်ဆင်မှု အားနည်းတာတို့ ရှိနေတယ်လို့ သိရပါတယ်။