မေ ၂၄ ။ ။ အာဂျင်တီးနားနိုင်ငံတစ်ဝှမ်းက ထောင်သောင်းချီသည့် ကျောင်းဆရာ၊ ဆရာမများသည် မတ်လ ၂၃ ရက်က ၎င်းတို့၏ လုပ်ခလစာများ တိုးမြင့်ရရှိရေး ချီတက် တောင်းဆိုဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
နိုင်ငံရှိ မတူညီသော ဒေသအသီးသီးမှ လာရောက်ကြသည့် ကျောင်းဆရာ၊ ဆရာမ ထောင်သောင်းချီတို့သည် မြို့တော် ဗျူနိုအေးရိစ်ရှိ သမ္မတ အိမ်တော်ဆီသို့ စုရုံးချီတက်ခဲ့ကြပြီး ၎င်းတို့၏ လစာနှုန်းထားများကို ခေတ်ကာလနှင့်အညီ တိုးမြင့်ခံစားခွင့်ရရှိရေး တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
ယင်းနိုင်ငံတွင် အဆိုပါ ဆရာ၊ ဆရာမများ၏ လစာတိုးမြှင့်ရေး တောင်းဆိုဆန္ဒပြမှုများမှာ နိုင်ငံတစ်ဝှမ်း ပေါ်ပေါက်နေခဲ့ခြင်း ဖြစ်ပြီး အကယ်၍ ဆရာများအနေဖြင့် အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြနေမယ်ဆိုပါက ၎င်းတို့၏ လစာများကို ဖြတ်တောက်ရလိမ့်မည် ဆိုပြီး အာဏာပိုင်များဘက်ကလည်း သတိပေးပြောကြားထားမှုများ ရှိနေခဲ့သည်။
မတ်လက စာသင်နှစ် စတင်ပြီးနောက်ပိုင်းကတည်းက ယခုကဲ့သို့ ပညာရေးဆိုင်ရာ သပိတ်မှောက်မှု ပေါ်ပေါက်နေလျက်ရှိသည်။
လက်ရှိအချိန်တွင် ယင်းနိုင်ငံရှိ ပညာရေး သမဂ္ဂက ဆရာ၊ဆရာမများ၏ လက်ရှိလစာနှုန်းထားကို ၂၄ ရာခိုင်နှုန်း တိုးမြင့်ရရှိရေး တောင်းဆိုထားလျက်ရှိသည်။