နာမည်ကျော်အဆိုတော်မလေး ကာမီလာကာဘယ်လိုသည် ပြီးခဲ့သောတနင်္ဂနွေနေ့ကကျင်းပခဲ့သည့် Billboard ဂီတဆုပေးပွဲ၌ အဆိုတော်ဖာရဲလ်ဝီယမ်နှင့်အတူ Sangria Wine ဆိုသောသီချင်းကို အတူတကွသီဆိုဖျော်ဖြေ ခဲ့ပြီး ပရိသတ်များ၏ အားပေးမှုများကိုရရှိခဲ့သည်။
သို့သော်လည်း ထိုဖျော်ဖြေပွဲပြီးနောက်တွင် သူမအနေဖြင့် ရေဓာတ်ကုန်ခန်းမှုဝေဒနာကို ခံစားခဲ့ရကြောင်း ကာမီလာက သူမ၏တွစ်တာ၌ တနင်္လာနေ့ကရေးသားခဲ့ပြီး ဆီယက်တဲလ်တွင်ကျင်းပမည့် Reputation နယ်လှည့်ဖျော်ဖြေပွဲ၌ ပါ၀င်နိုင်တော့မည်မဟုတ်ကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။
“Billboard ဂီတဆုပေးပွဲမှာ ဖျော်ဖြေခဲ့ပြီးတဲ့နောက် ကျမ နေမကောင်းဖြစ်သွားခဲ့ပြီး ဆေးရုံတက်ခဲ့ရပါတယ်။ သူတို့စမ်းသပ်မှုတွေပြုလုပ်ပြီးတော့ အခြေအနေကောင်းတယ်လို့ပြောပါတယ်။ ဒါပေမယ့် ရေဓာတ်ခမ်းခြောက် မှုကြောင့် ကျမ အဖျားတက်ခဲ့တာလို့ ပြောပါတယ်။ ကျမအနေနဲ့ အနားမယူဘူးဆိုရင် သက်သာလာမှာ မဟုတ် ဘူးလို့ ဆရာဝန်တွေက မှာလိုက်ပါတယ်။ ဒါကြောင့် ကံမကောင်းစွာနဲ့ပဲ ဆီယက်တဲလ်မှာပြုလုပ်မည့် Reputation ဖျော်ဖြေပွဲမှာ ကျမ ပါ၀င်နိုင်မှာမဟုတ်တော့ပါဘူး” ဟု ကာမီလာက ရေးသားခဲ့သည်။
ဆက်လက်ပြီး “ကျမ ဒီသတင်းကို ရှင်တို့ကိုအသိပေးရတာ သိပ်ကိုစိတ်မကောင်းဖြစ်မိပါတယ်။ ကျမ တတ်နိုင်သလောက် မြန်မြန်နေကောင်းလာအောင် ကြိုးစားသွားမှာပါ” ဟု ကာမီလာက တွစ်တာ၌ ရေးသားခဲ့ သည်။
ကာမီလာကာဘယ်လိုသည် တနင်္ဂနွေနေ့ကကျင်းပခဲ့သော Billboard ဂီတဆုပေးပွဲ၌ Billboard Chart Achievement Award ဆုကို ဆွတ်ခူးသွားခဲ့သည်။
Ref: Billboard