မေ ၁၉ ။ ။ ဗြိတိန် ဟယ်ရီမင်းသားနဲ့ မက်ဂန် မာကယ်လ်တို့ရဲ့ ယနေ့ မေလ ၁၉ ရက် တော်ဝင် မင်္ဂလာပွဲကျင်းပမယ့် ၀င်ဆာရဲတိုက်နဲ့ အနီးအနားမှာ လုံခြံုရေး တိုးမြှင့်ချထားလျက်ရှိပါတယ်။
ရဲတိုက်ရဲ့ အဓိကကျတဲ့နေရာတွေမှာ အိတ်တွေကို စစ်ဆေးတာ၊ အန့ံခံခွေးတွေ ဖြန့်ကျက်ထားတာတွေ ရှိနေပါတယ်။
ယခုအချိန်မှာတော့ ၀င်ဆာရဲတိုက် တော်ဝင်မင်္ဂလာပွဲ အခမ်းအနားကျင်းပရာနေရာကိုလည်း လာရောက်ကြည့်ရှုတဲ့ ပြည်သူတွေ တဖွဲဖွဲ ရောက်လာနေပြီ ဖြစ်ပါတယ်။
ယခုလို ကမ္ဘာကပါ စောင့်ကြည့်နေတဲ့ သမိုင်းဝင် တော်ဝင်မင်္ဂလာပွဲအခမ်းအနားကို လူပေါင်း တစ်သိန်းလောက် လာရောက်မယ်လို့ ခန့်မှန်းရပါတယ်။
လက်ရှိအချိန်မှာ လမ်းဘေးပါတီတွေ၊ နေ့လည်ခင်း လက်ဘက်ရည်သောက်ပွဲတွေကိုလည်း ကျင်းပနေလျက်ရှိပါတယ်။
ယခုလက်ထပ်ပွဲမှာတော့ သတို့သား မင်းသား ဟယ်ရီနဲ့ သတို့သမီး မီဂန်တို့ကို ဆပ်ဆက်စ် မြို့စားနဲ့ မြို့စားကတော် အဖြစ် အပ်နှင်းမယ်လို့လည်း ဘက်ကင်ဟမ် နန်းတော်က ကြေညာသွားပါတယ်။