မေ ၁၅။ ။ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ကဗျာရွတ်ဆိုပွဲကို ရဲ တပ်ဖွဲ့မှတားဆီး ကာ ပါ၀င်သူအချို့ကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ယနေ့နေအိမ်များသို့ အကြောင်းကြားစာပေး ပို့လာကြောင်း သတင်းရရှိသည်။
မေလ ၁၄ ရက်ညနေတွင် ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံအတွင်း ကဗျာဆရာများက ငြိမ််းချမ်းရေး ကဗျာ ရွတ်ဆိုုပွဲပြုလုပ်ရာတွင် ပါ၀င်ခဲ့သော ကိုရွှေကြယ်မိုး၊ ကိုခန့်မင်းထက်နှင့် အမှတ်တရစကားပြောသော တကသ ကျောင်းသား ခေါင်းဆောင်ကိုဇေယျာလွင်တို့ သုံးဦးကို ပုဒ်မ ၁၉ ဖြင့် ကျောက်တံ တားမြို့နယ် ရဲစခန်းမှ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်အိမ်ကို ဒီနေ့ ကျောက်တံတားရဲစခန်းကစာလာပို့မယ်ဆိုပြီး အခုလာနေတယ်။ ပုဒ်မ ၁၉နဲ့ တရားစွဲမယ်ဆိုတာကို အကြောင်းကြားစာလာပို့တာပါ။ မနေ့က ကျွန်တော်ကို ကဗျာဆရာတွေက အမှတ်တရ စကားပြောပေးဖို့ဖိတ်ခေါ်တယ်။ ကျွန်တော်ကအမှတ်တရစကားပြောပေးတယ်။ အဲဒီလို စကားပြောတဲ့အတွက် ပုဒ်မ ၁၉ နဲ့တရားစွဲတယ်လို့ယူဆပါတယ်” ဟု ကိုဇေယျာလွင်ကပြောသည်။
မေလ ၁၂ ရက်က ရန်ကုန်မြို့၌ စစ်ပွဲများရပ်တန့်ရန် ငြိမ်းချမ်းရေး တောင်းဆိုဆန္ဒပြသူများကို ရဲတပ်ဖွဲ့ က ဖြိုခွင်းပြီး ပါ၀င်သူ ၁၇ ဦးကိုငြိမ်းစုစီပုဒ်မ ၂၀ ဖြင့်အမှုဖွင့် ထားသည်။
ငြိမ်းချမ်းရေးဆန္ဒပြမှုများ ကြောင့် မေလအတွင်း တရားစွဲဆိုခံရသော အမှုအရေအတွက် ၁၃ မှုရှိပြီး တက်ကြွ လှုပ်ရှားသူ ၄၁ ဦး တရားရင်ဆိုင်နေရသည်။
ယင်းအမှုများအနက် ရန်ကုန်တိုင်းတွင် ရမှု၊ မန္တလေးတိုင်းတွင် ၃မှု၊ ကချင် ပြည်နယ်တွင် ၂မှုနှင့် ပဲခူးတိုင်းတွင် ၁မှုတို့ဖြစ်ကြောင်း အသံ(လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ် ရှားမှု) ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။