ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းသည် လာမည့်ရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို ဗုဒ္ဓဟူးည ဘရိုက်တန်နှင့်ပွဲတွင် ဝတ်ဆင်မည်ဖြစ်သည်။
စပိန်လူမျိုးနည်းပြဂွာဒီယိုလာလက်ထက်ပထမဆုံးပရီးမီးယားလိဂ်ဖလားကိုရယူပြီး သုံးရက်အကြာတွင် အိမ်ကွင်းဝတ်စုံသစ်ကို ကြေညာလိုက်ခြင်းဖြစ်သည်။
ဝတ်စုံသစ်တွင် အသင်း၏အရေးပါသောကာလများ၏အငွေ့အသက်ပါဝင်အောင် ပုံဖော်ထားပြီး ပထမဆုံးဖလားရသည့် ၁၉၃၇၊ ပလေးအော့ဖ်တွင်ဗိုလ်စွဲသည့် ၁၉၉၉ ကာလများဖြစ်ကာ အပြာရင့်ရောင်ခြေအိတ်ကိုလည်း ပြန်လည်အသုံးပြုထားသည်။
နိုက်ဝတ်စုံသစ်ကို လီရွိုင်းဆာနေးနှင့် အသင်းဖော်များသာမက မန်စီးတီးအမျိုးသမီးအသင်းကလည်း ဝတ်ဆင်သရုပ်ပြခဲ့ကြသည်။
ပရီးမီးယားလိဂ်ပူပူနွေးနွေးချန်ပီယံမန်စီးတီးအသင်း၏ ပရိသတ်များမှာ မေ ၁၄ ရက်မှစတင်ပြီး နိုက်ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
Ref; Daily Mail