လိင်အကြမ်းဖက်မှုများ အဆုံးသတ်ရေး ချီလီတက္ကသိုလ်များကို ကျောင်းသူများ စီးနင်းသိမ်းပိုက်

လိင်အကြမ်းဖက်မှုများ အဆုံးသတ်ရေး ချီလီတက္ကသိုလ်များကို ကျောင်းသူများ စီးနင်းသိမ်းပိုက်

ဆန်တီယာဂို၊ မေ ၉ ။        ။ ချီလီနိုင်ငံတွင် အနှောင့်အယှက်ပြုမှုများ၊ ယောက်ကျားဝါဒကြီးစိုးမှုများနှင့် လိင်ပိုင်းမကင်းသော ပညာရေးတို့ အဆုံးသတ်ရေးကို တောင်းဆိုလျက် တက္ကသိုလ် တစ်ဒါဇင်ခန့်ကို ကျောင်းသူများက စီးနင်းသိမ်းပိုက်ထားသည်။

တောင်ပိုင်းချီလီရှိ တောင်ပိုင်းတက္ကသိုလ်ကို မိန်းကလေးငယ် ထောင်ပေါင်းများစွာက သိမ်းပိုက်ထားပြီး ပါမောက္ခများ၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အကာအကွယ်ပေးနေခြင်းများ အဆုံးသတ်ရေးကို တောင်းဆိုကြသည်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကြောင့် တို့အားလုံး ပင်ပန်းနေရပြီ။”ဆိုသော စာတမ်းများကို Valdivia ကျောင်းပရိ၀ုဏ်တွင် ချိတ်ဆွဲထားကြသည်ကို တွေ့ရသည်။ ယင်းတက္ကသိုလ်တွင် တစ်နှစ်လျှင် အမှုတွဲတိုင်ကြားချက်ပေါင်း ၁၀၀ ကျော်ထက်မနည်းရှိနေသော်လည်း ကျူးလွန်သူကို အလုပ်မှထုတ်ပယ်အပြစ်ပေးခြင်းက မရှိသလောက် နည်းပါးနေသည်။

ပါမောက္ခ ကားလို့စ်ကာမိုနာ၏ လိင်ထိခိုက်စော်ကားသည့် တိုင်ကြားချက်နောက်ပိုင်း ဧပြီ ၂၇ ရက်မှစတင်ကာ ဆန်တီယာဂိုရှိ ချီလီတက္ကသိုလ်မှ ဥပဒေကျောင်းတွင် အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းများ ရှိလာခဲ့သည်။

ကျောင်းတွင်း စုံစမ်းစစ်ဆေးမှု ရှစ်လတာကြာမြင့်ပြီးနောက် ကျောင်းသူများက အရေးပေါ်ညီလာခံ ကျင်းပပြီး လှုပ်ရှားမှုများ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခွင့်ရသူ နာနီးဘောရက်စ်က ပြောသည်။

ချီလီတက္ကသိုလ်တွင် ကျောင်းသူများ၊ ဆရာမများနှင့် အမျိုးသမီးဝန်ထမ်းများအပေါ် လိင်ထိပါးခြင်း၊ အနိုင်ကျင့်ခြင်းနှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ တိုင်ကြားချက်ပေါင်း ၂၀၁၇ ခုနှစ်အတွင်း ၂၀ ကျော်ထက်မနည်း ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required