မလေးရှားတွင် အထွေထွေရွေးကောက်ပွဲများ စတင်ကျင်းပ

မလေးရှားတွင် အထွေထွေရွေးကောက်ပွဲများ စတင်ကျင်းပ

ကွာလာလမ်ပူ၊ မေ ၉ ။         ။ မလေးရှားနိုင်ငံတွင် မေ ၉ ရက်၌ အထွေထွေရွေးကောက်ပွဲများ စတင်ကျင်းပပြီဖြစ်ရာ မဲရုံများသို့ သွားရောက်မဲပေးကြရန် ပြည်သူများအား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်က တိုက်တွန်းဆော်သြသည်။

၁၉၅၇ ခုနှစ် လွတ်လပ်ရေး ရစဉ်မှ နိုင်ငံကို အုပ်ချုပ်ခဲ့သော အမျိုးသားတပ်ဦး ညွန့်ပေါင်းပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည်ရွေးကောက်ခံရန် ၀င်ရောက်ယှဉ်ပြိုင်သော နာဂျစ်က ကွာလာလမ်ပူအရှေ့ပိုင်း ပီကန်တွင် သွားရောက်မဲပေးပြီးနောက် နိုင်ငံ၏ ရှေ့တက်လှမ်းများအတွက် မဲပေးကြရန် တိုက်တွန်းဆော်သြလိုက်ခြင်း ဖြစ်သည်။

အတိုက်အခံခေါင်းဆောင်နှင့် မျှော်လင့်ခြင်းမဟာမိတ် ညွန့်ပေါင်းပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီမိုဟာမတ်က ၀င်ရောက်ယှဉ်ပြိုင်ပြီး အနောက်မြောက်ပိုင်း လန်ကာဝီတွင်  မဲပေးပြီးနောက် အစိုးရအပြောင်းအလဲ လိုအပ်နေပြီဖြစ်ကြောင်း ပြောဆိုသည်။

မဲရုံများကို နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ကာ ယခုရွေးကောက်ပွဲသည် လွတ်လပ်ပြီးနောက်ပိုင်း ၁၄ ကြိမ်မြောက် ရွေးကောက်ပွဲဖြစ်ကာ အပြင်းထန်ဆုံး ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်မည်။

မဲပေးနိုင်သူ ပြည်သူ ၁၄ ကျော်အနေဖြင့် ညနေ ငါးနာရီအထိ မဲရုံများတွင် မဲပေးနိုင်ကြမည်ဖြစ်သည်။

မဲရုံများ ဖွင့်လှစ်ပြီး နာရီပိုင်းအကြာအထိ ကွာလာလမ်ပူက မဲရုံများတွင် အေးအေးသက်သာရှိနေသကဲ့သို့ အခြားသော မြို့များက မဲရုံများတွင်လည်း မည်သည့်မတော်တဆမှုမှ မဖြစ်ပွားကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required