ယီမင်တွင် ဆော်ဒီဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ခြောက်ဦး သေဆုံး

ယီမင်တွင် ဆော်ဒီဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ခြောက်ဦး သေဆုံး

ဆာနား၊ မေ ၈ ။            ။ ယီမင်နိုင်ငံ မြို့တော်ဆာနားတွင် မေ ရ ရက်က ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုတစ်ရပ်အတွင်း လူ ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၀ ရှိခဲ့ကြောင်း ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

သေဆုံးဒဏ်ရာရသူများနှင့် ပတ်သက်ပြီး အဆိုပါ သတင်းရင်းမြစ်က အသေးစိတ်မပြောဘဲ မြို့တော်ရှိ ဟူသီသူပုန်များ အုပ်ချုပ်ရာ အရပ်မှ တာဝန်ရှိသူများ ပါမပါလည်း မပြောပေ။

ဆာနားအချက်အခြာ တာရီးအရပ်တွင် ရှိသော သမ္မတအိမ်တော်ရာသို့ အရေးပေါ်ကားအချို့ ဦးတည်မောင်းနှင်သွားသည်ကို မြင်တွေ့ရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အဆောက်အအုံတစ်လုံး လုံးလုံးပြိုကျပျက်စီးကာ အခြားအဆောက်အအုံများလည်း ပျက်စီးမှု ရှိသည်။ သို့့သော် လေကြောင်းတိုက်ခိုက်မှုအတွင်း ဒုံးကျည် တစ်စင်း သို့မဟုတ် နှစ်စင်း ပစ်လွှတ်သည်ကို အတိအကျ မသိရပေ။

ယီမင်သည် ဆော်ဒီနှင့် အမေရိကန် ညွန့်ပေါင်းတပ်ဖွဲ့များက ၂၀၁၅ မတ်လကစတင်ကာ စစ်ရေးကြားဝင်လာခြင်း ဖြစ်သည်။

ဆော်ဒီက ထောက်ခံသော သမ္မတ မန်ဆောကို ဖြုတ်ချပြီး ၂၀၁၄ စက်တင်ဘာတွင် ဟူသီသူပုန်များက ဆာနားအား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly