ဟာဝိုင်ယီမီးတောင် ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀ ကျော် ပျက်စီး

ဟာဝိုင်ယီမီးတောင် ပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀ ကျော် ပျက်စီး

ဟာဝိုင်ယီ၊ မေ ၈ ။              ။ ဟာဝိုင်ယီရှိ ကီလာအူယာမီးတောင် ပေါက်ကွဲမှုကြောင့် ပျက်စီးသည့် အိမ်ခြေပေါင်းသည် ၂၆ လုံးအထိ ရှိသွားပြီဖြစ်ကြောင်း ဌာနေအာဏာပိုင်အဖွဲ့က ပြောပြီး အဆောက်အအုံ လေးလုံးလည်း ပျက်စီးကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေ ၃ ရက်က စတင် ပေါက်ကွဲမှုဖြစ်သည့် ယင်းမီးတောင်ကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းရသူပေါင်း ၁၇၀၀ ကျော်ထက်မနည်းရှိပြီး ၎င်းတို့မှာလည်း နေရပ်အိမ်ရာသို့ မပြန်နိုင်ကြသေးကြောင်း ဌာနေမီဒီယာများက ဖော်ပြသည်။

“ပေါက်ကွဲမှုဖြစ်စချိန်မှာ အိမ်ငါးလုံး ပျက်စီးတယ်။ ခုတော့ ပျက်စီးတဲ့ အိမ်ပေါင်းက ၂၆ လုံး ရှိသွားပြီ။”ဟု ဟာဝိုင်ယီကောင်တီ မြို့တော်ဝန် ဟာရီကမ်က ဟိုနိုလူလူသတင်းစာသို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် ရွှေ့ပြောင်းခဲ့ရသူများမှ အနည်းငယ်က ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များ၊ ပိုင်ဆိုင်မှုများနှင့် ဆေးဝါးများ ယူဆောင်ကာ နေအိမ်သို့ ပြန်နေခြင်းများ ရှိနေကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

နယ်မြေအတွင် အင်အား ၆ ဒဿမ ၉ အဆင့်ရှိ မြေငလျင် လှုပ်ပြီး နောက်ဆက်တွဲ တုန်ခါမှုများကြောင့် ကီလာအူလာမီးတောင်သည် မေ ၃ ရက်က စတင်ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

ယင်းမီးတောင်သည် ဘစ်အစ်စလန်ဟု ဆိုကြသော ဟာဝိုင်ယီကျွန်း အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး ယင်းကျွန်းမှာလည်း လူဦးရေ ၁၈၅၀၀၀ ကျော် နေထိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly