မျက်မမြင်တွေအတွက် AI နည်းပညာသုံး သတိပေးအင်္ကျီ မက္ကဆီကို ဆယ်ကျော်သက်တစ်ဦး တီထွင်

မျက်မမြင်တွေအတွက် AI နည်းပညာသုံး သတိပေးအင်္ကျီ မက္ကဆီကို ဆယ်ကျော်သက်တစ်ဦး တီထွင်

 

မနီလာ၊ မေ ၅ ။                      ။ မျက်မမြင်တွေအတွက် တုတ်ကောက်မလို၊ အကူမလိုစေမယ့် လူလုပ်အသိဉာဏ်ပါ အာရုံခံကိရိယာပါရှိတဲ့ အင်္ကျီကို မက္ကဆီကိုနိုင်ငံက ဆယ်ကျော်သက်တစ်ဦး တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

ဒီအင်္ကျီအားဖြင့် မျက်မမြင်တွေဟာ ပတ်ပတ်လည်ဝန်းကျင်အနေအထားကို သိရှိနိုင်မှာဖြစ်ပြီး အလုပ်အကိုင်အတွက် အခွင့်အရေးပါ ရရှိစေနိုင်မယ်လို့ ဆိုပါတယ်။

Strap လို့ အမည်ပေးထားတဲ့ ဒီကိရိယာကို Technological University of Mexico တက္ကသိုလ်က အသက် ၁၆ နှစ်အရွယ် ဒိုင်ဂိုရိုးက တီထွင်ခဲ့တာ ဖြစ်ပါတယ်။

Strap မျက်မမြင်အင်္ကျီဟာ မျက်မမြင်တွေအတွက် ပတ်လည်က အခြေအနေကို သိရှိစေမယ့် လူလုပ််အသိဉာဏ်ပါ အင်္ကျီဖြစ်ပါတယ်။

“ကုမ္ပဏီအချို့ အပါအဝင် ဒီအင်္ကျီကို မှာထားတာ ၅၀၀ လောက် ရှိနေပါတယ်။”လို့ ဒိုင်ဂိုက ဆိုပါတယ်။

ဒီအင်္ကျီကို တီထွင်ထုတ်လုပ်ခြင်းရဲ့ အဓိကပန်းတိုင်ဟာ မျက်မမြင်တွေ အမှီအခိုကင်းကင်းနဲ့  ပိုမိုရပ်တည်နိုင်အောင် ဖြစ်ပါတယ်။

ရှေ့မှာ အတားအဆီးရှိရင် မျက်မမြင်အင်္ကျီကနေ ထောက်လှမ်းသိရှိပြီး မျက်မမြင်ဖြစ်သူကို သိပေးတာ ဖြစ်ပါတယ်။

“ပတ်လည်ဝန်းကျင်မှာ အတားအဆီးရှိတယ်ဆိုရင် ဒီကိရိယာက သတိပေးပါတယ်။ ဥပမာ ပလက်ဖောင်းမှာ သွားနေတယ်ဆိုပါစို့၊ ဒီမှာ အတားအဆီး မရှိဘူးဆိုရင် ဒီအင်္ကျီကိရိယာက အန္တရာယ် မရှိကြောင်း ပြောပါတယ်။ တကယ်လို့ ပလက်ဖောင်းမှာ အခေါင်းအပေါက်ရှိတယ်ဆို မျက်မမြင်ဖြစ်သူကို သတိပေးပါတယ်။”လို့ ဒိုင်ဂိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly