ဗုဒ္ဓဖွားမြင်တော်မှုသောနေ့အား နီပေါနိုင်ငံအတွင်း ပူဇော်ကျင်းပ

ဗုဒ္ဓဖွားမြင်တော်မှုသောနေ့အား နီပေါနိုင်ငံအတွင်း ပူဇော်ကျင်းပ

ခတ္တမန္ဒူ၊ ဧပြီ ၃၀ ။           ။ နီပေါနိုင်ငံအတွင်း ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာ လုမ္ဗနီဥယျာဉ်အပါအဝင် နိုင်ငံအနှံ့က ဘုရားကျောင်းကန်များတွင် မြတ်ဗုဒ္ဓ၏ သက်တော် ၂၅၆၂ ပြည့်နှစ်အဖြစ် ဖွားမြင်တော်မူသောနေ့ အခါသမယအား ဧပြီ ၃၀ ရက်တွင် ပူဇော်ကျင်းပကြသည်။

ဂေါတမမြတ်စွာဘုရား ဖွားမြင်သောမူသောနေ့အား ဧပြီနှောင်းပိုင်း သို့မဟုတ် မေအစောပိုင်း နီပေါပြက္ခဒိန်လ Baisakh မှ လပြည့်နေ့တွင် နှစ်စဉ် ပူဇော်ကျင်းပကြမြဲဖြစ်သည်။

ယခုနှစ် ပူဇော်ဝတ်ပြုသူများတွင် ဝန်ကြီးချုပ် ရှားမာအိုလီအပါအဝင် လုမ္ဗနီဥယျာဉ်တွင် အထူးအေးချမ်းသာယာစေကြောင်း ဝတ်ပြုဆုတောင်းမှုများကို ပြုလုပ်ကြသည်။ ကမ္ဘာတစ်ဝန်းမှ ပြည်သူများကလည်း ဗုဒ္ဓမြတ်စွာ ဖွားမြင်ရာ ဥယျာဉ်တော်သို့ ပူဇော်အထူးဖြင့် လာရောက်ကြသည်။

ဗုဒ္ဓဖွားမြင်တော်မူသောနေ့မြတ် ပူဇော်ကျင်းပမှုများအပြီးတွင် သမ္မတဒေဝီဘန်ဒါရီက လူပေါင်း ၅၀၀၀ နီးပါး လာရောက်နိုင်သော အပြည်ပြည်ဆိုင်ရာတရားရိပ်သာ တည်ဆောက်ခြင်းအတွက် အုတ်မြစ်ချအခမ်းအနား ပြုလုပ်သည်။

“ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ ထာဝရချမ်းမြေ့ရေး တရားတော်တွေကို ကျွနု်ပ်တို့တွေ နှလုံးသွင်းကြရမှာဖြစ်တယ်။”ဟု အဆိုပါ အုတ်မြစ်ချအခမ်းအနားတွင် ဘန်ဒါရီက ဆိုသည်။

“ဒီနေ့မြတ်ဟာ ဗုဒ္ဓရဲ့ စိတ်စေတနာကောင်း ထားရှိရေး၊ သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးတရားတော်တွေကို လူသားတစ်ရပ်လုံး လိုက်နာကျင့်ကြံနိုင်ရေးကို စိတ်အားဖြည့်ပေးပါမယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly