ဧပြီ ၂၆ ။ ။ ဆွစ်ဇာလန်နိုင်ငံ၏ အမျိုးသမီး သံအမတ်ကြီးတစ်ဦးအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ရန် ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စီစဉ်နေပြီဖြစ်ကြောင်း နီးစပ်သည့် သတင်းရင်းမြစ်များက ဧပြီ ၂၅ ရက်တွင် ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် လက်ရှိ ဂျာမနီနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးဖြစ်သည့် ခရစ်စတင်း ရှာရန်နာ ဘာဂျန်နာ အား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်အပ်သွားမည်ဖြစ်သည်ဟု သိရသည်။
အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေးကိစ္စကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ကုလအတွင်းရေးမှူးချုပ်အား အထွေထွေညီလာခံက တိုက်တွန်းတောင်းဆိုထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တာဝန်ပေးခန့်အပ်မှုကို ဧပြီ ၂၆ ရက်တွင် ကြေညာသွားရန် ရှိနေသည်။
မကြာမီရက်ပိုင်းအတွင်းမှာလည်း ကုလ လုံခြံုရေး ကောင်စီ တာဝန်ရှိသူများအနေဖြင့် ဘင်္ဂါလီ ဒုက္ခသည် အကျပ်အတည်းကိစ္စ အနီးကပ် ကြည့်ရှုလေ့လာရန် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံထံ လာရောက်ရန် ရှိနေသည်။