ဆီးရီးယားနှင့် ရုရှားတို့သည် ဓာတုလက်နက်တိုက်ခိုက်မှုအတွက် အဓိတာဝန်ရှိဟု ထရမ့်ပြောဆို

ဆီးရီးယားနှင့် ရုရှားတို့သည် ဓာတုလက်နက်တိုက်ခိုက်မှုအတွက် အဓိတာဝန်ရှိဟု ထရမ့်ပြောဆို

ဆီးရီးယား၊ ဧပြီ ၁၂ ။              ။ ရုရှားနှင့် ဆီးရီးယားနိုင်ငံတို့သည် လူပေါင်း ၄၀ ကျော်ခန့်သေဆုံးခဲ့ရသော သံသယဖြစ်ဖွယ် ဓာတုလက်နက် တိုက်ခိုက်မှုအတွက် အဓိကတာဝန်ရှိသူများဖြစ်ဟု အမေရိကန်သမ္မတဒေါ်နယ်ရမ့်က ယူဆလျက်ရှိကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ရုရှားတို့နှင့်တိုက်ရိုက် စစ်ရေးတိုက်ပွဲဖြစ်ပွားနိုင်ချေရှိ ကြောင်းကိုလည်း အရိပ်အမြွက်ပြောဆိုခဲ့သည်။

အိမ်ဖြူတော်မှပြန်ကြားရေးအတွင်းဝန် ဆာရာဆန်ဒါးစ်က ဆီးရီးယားနိုင်ငံ ဒူမာမြို့၌ စနေနေ့က ဓာတုလက်နက် နှင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဆိုခြင်းမှာ သတင်းအတုဖြစ်နိုင်သည်ဟု ရုရှားတို့ဘက်မှ ပြောဆိုချက်အပေါ် ဝေဖန်ခဲ့ပြီး ထရမ့်အနေဖြင့် စစ်ရေးအရတုံ့ပြန်မှုကိုရွေးချယ်ဖို့ စဉ်းစားချင့်ချိန်နေသည်ဟု ပြောခဲ့သည်။

“သမ္မတကြီးကတော့ ဆီးရီးယားနဲ့ရုရှားတို့ဟာ ဓာတုလက်နက်တိုက်ခိုက်မှုအတွက် တာဝန်ရှိသူများဖြစ်တယ် လို့ ယူဆနေပါတယ်” ဟု ဆန်ဒါးစ်က ဆိုခဲ့သည်။ ထရမ့်သည် ကလိုရင်းနှင့် ဓာတုလက်နက်များကို ထုတ်လုပ် ပေးနေသော လက်နက်တိုက်များကို ဒုံးပျံများနှင့်ပစ်ခတ်ဖျက်ဆီးဖို့ တွေးတောနေကြောင်း ယုံကြည်ရသည်။

သို့သော်လည်း ဆီးရီးယား၏လက်နက်တိုက်များကို ရုရှားတို့ဘက်မှ ဒုံးပျံကာကွယ်ရေးစနစ်များနှင့် ကာကွယ် ပေးထားပြီး ဆီးရီးယားစစ်အခြေအစိုက်စခန်းများ၌ ရုရှား၊အီရန်နှင် ့ဆီးရီးယားတပ်သားများက လုံခြံုရေးပေး နေကြောင်း သိရသည်။

ဒါ့အပြင် ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့်ရုရှားတို့သည် ဆီးရီးယားအရေးတွင် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများရှိလာနိုင်သည်ဟု ပြောဆိုချက်များအပေါ် ဆန်ဒါးစ်က ငြင်းဆန်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

“ထပ်ပြောရမယ်ဆိုရင်တော့ ဘယ်နည်းနဲ့တုံ့ပြန်မလဲဆိုတာကို ရွေးချယ်စရာတွေအများကြီးရှိနေပြီး အားလုံးကို ထည့်သွင်းစဉ်းစားနေပါတယ်” ဟု သူမက ဆိုခဲ့သည်။

ထရမ့်က ဆီးရီးယားဘက်သို့ ကောင်းမွန်ပြီး နည်းပညာမြင့်မားသော ဒုံးပျံများနှင့် ချိန်ရွယ်ထားပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် သူ၏တွစ်တာမှတဆင့်ပြောဆိုခဲ့ပြီး ဆန်ဒါးစ်ကမူ “နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မချရသေးပါဘူး” ဟု အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ထဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

ဒါ့အပြင် သူမက “သမ္မတကြီးရဲ့ အမျိုးသားလုံခြံုရေးအဖွဲ့ဟာ ဒီနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီအစည်း အဝေးပွဲကို ဒုသမ္မတကြီးက ဦးစီးပြုလုပ်တာဖြစ်ပြီး တုံ့ပြန်ဖို့ ရွေးချယ်စရာအများအပြားကို ဆွေးနွေးပြောဆိုခဲ့ ပါတယ်” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly