ဧပြီ ၂၊ လန်ဒန်။ ။ တနင်္ဂနွေနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်၌ စပါးအသင်းက ၃-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့် လန်ဒန်ဒါဘီပွဲပြီးနောက် ရာပေါင်းများစွာသော ချယ်လ်ဆီးနှင့်စပါးပရိသတ်များ တင်းမာမှုအရှိန်မြင့်လာသဖြင့် ရဲက လူစုခွဲခဲ့ရသည်။
ရုပ်ဆိုးသည့်မြင်ကွင်းအဖြစ် ဘီယာပုလင်းများ၊ လမ်းအတားအဆီးများပျံဝဲနေပြီးနောက် အဓိကအားဖြင့် စပါးပရိသတ်အများစုကို အစောင့်အရှောက်များဖြင့် ကွင်းနှင့်ဝေးရာဆီ ခေါ်ထုတ်ခဲ့ရသည်။
နှစ်ဖက်ပရိသတ်များအကြား တင်းမာမှုအရှိန်မြင့်တက်နေသဖြင့် ရဲက ဖျန်ဖြေလူစုခွဲပေးခဲ့ရသည်။ စပါးပရိသတ်များသည် ဖူဟမ် လမ်းပေါ်တွင် “ငါတို့သည် တော့တင်ဟမ်များ ဖြစ်ကြသည်”ဟု အော်ဟစ်သီချင်းဆိုခဲ့ကြသည်။
ပရိသတ်တစ်ဦးသည် ကားပေါ်ခုန်တက်ပြီး တစ်ဖက်အုပ်စုအတွင်းသို့ဦးတည်သွားနေသည့် မြင်ကွင်းလည်းရှိနေသည်။ ချယ်လ်ဆီးကွင်းဘက်မှ ခဲနှင့်ပစ်သည်ကိုလည်း ပရိသတ်တစ်ဦးက မှတ်တမ်းတင်နိုင်ခဲ့သည်။
စပါးအသင်းသည် ချယ်လ်ဆီးကွင်းတွင်ကစားရသည့် အမှတ်ပေးပွဲများတွင် ၂၈ နှစ်ကြာ အနိုင်မရသည့်မှတ်တမ်းကို ချိုးဖျက်နိုင် ခဲ့ပြီး အသင်းအတွက်ဂိုးများကို အဲရစ်ဆင်ကတစ်ဂိုး၊ ဒယ်လီ အလီက နှစ်ဂိုးသွင်းယူခဲ့သည်။
ချယ်လ်ဆီးအသင်းမှာ ပွဲချိန်ပထမပိုင်းတွင် မိုရာတာ၏ဂိုးဖြင့်ဦးဆောင်နေပြီးမှ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ယင်းရလဒ်ကြောင့် အဆင့် ၅ နေရာမှ ချယ်လ်ဆီးမှာ အဆင့် ၄ နေရာမှ စပါးနှင့် ၈ မှတ်ထိကွာဟသွားခဲ့သည်။
Ref; Daily Mail