ဧပြီ ၁ ။ ။ ဦးကိုကိုကြီး ဦးဆောင်သော “ရှစ်လေးလုံးပါတီ”အစား “ရှစ်လေးလုံးပြည်သူ့ပါတီ”ဟု ပြောင်းလဲမှတ်ပုံတင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီ အရေးပေါ်စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
အစည်းအဝေးကို ယနေ့ ဧပြီလ ၁ ရက်နေ့ ၄.၂၀၁၈)တနင်္ဂနွေနေ့ နံနက်(၁၀း၀၀)နာရီမှ နေ့လည်(၂း၀၀)နာရီအထိ ရန်ကုန်မြို့ မြကျွန်းသာဥယျာဉ်ဝင်းအတွင်းရှိ ခိုင်လီ(Kai Li) စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်အများစု ဆန္ဒသဘောထားဖြင့် ပါတီအမည်ကို “ရှစ်လေးလုံးပြည်သူ့ပါတီ” ဟု ပြောင်းလဲမှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။
အစည်းအဝေးသို့တိုင်း(၇)တိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ ကိုယ်စားလှယ်များ၊ ဗဟိုဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ ပါတီတည်ထောင်လိုသူများ၊ ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင်များ စုစုပေါင်း(၉၂)ယောက် တက်ရောက်ခဲ့သည်။
အစည်းအဝေးကို နိုင်ငံရေးပါတီဖြစ်မြောက်ရေး ဦးဆောင်အဖွဲ့တာန်ခံ ဦးကိုကိုကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမင်းဇေယျတို့လည်း တက်ရောက်ခဲ့သည်။