ဂျာမနီအသင်းရဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး သောမတ်စ် မူလာက သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းဟာ စပိန်၊ ဘရာဇီးအသင်းတို့နဲ့ လာမယ့် ခြေစမ်းပွဲတွေမှာ ရှုံးပွဲမတွေ့ပဲ လက်ရှိ ၂၃ ပွဲဆက်ရှုံးပွဲမရှိ စံချိန်ကို ကျော်ဖြတ်ခွင့်ရရှိဖို့ စိတ်လှုပ်ရှားနေကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းဟာ လာမယ့် (၂)ပွဲမှာ ရှုံးပွဲမတွေ့ဘူးဆိုရင် သူတို့ဟာ လွန်ခဲ့တဲ့ (၂၈)နှစ်လောက်က နည်းပြ ဂျော့ဒီဝါလ် ကိုင်တွယ်ခဲ့တဲ့ အနောက်ဂျာမနီအသင်းရဲ့ (၂၅)ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းနဲ့ တူညီသွားမှာဖြစ်ပါတယ်။
“ကျနော်တို့ ဒီ ၂ပွဲမတိုင်မီ စိတ်လှုပ်ရှားနေကြတယ်။ ဒီရလဒ်တွေက အထူးတန်းဖိုးရှိလာပါလိမ့်မယ်။ အရာအားလုံး ကောင်းကောင်းမွန်မွန်ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ နိုင်ငံအသင်းအတွက် အင်ဂျင်သစ်တစ်ခုလို ဖြစ်လာပါလိမ့်မယ်။”လို့ မူလာက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
မူလာက တောင်အာဖရိကမှာ ၂၀၁၀ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ စပိန်၊ ၂၀၁၄ ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့တဲ့ ဘောလုံးအင်အားကြီးနိုင်ငံ ဘရာဇီးအသင်းတို့ကို ရင်ဆိုင်ဖို့ စိုးရိမ်ပူပန်မှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆု (၄)ကြိမ်မြောက်ကို ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဆွတ်ခူးခဲ့ပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအတွက် သောကြာနေ့မှာ စပိန်အသင်း၊ နောက်လေးရက်အကြာမှာ ဘရာဇီးအသင်းတို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။
(EFE-EPA)