မတ် ၁၇ ။ ။ ဖိလစ်ပိုင်နိုင်ငံမှာ မတ်လ ၁၇ ရက်က လေယာဉ်ငယ်တစ်စင်း လူနေရပ်ကွက်တစ်ခုအပေါ် ပျက်ကျသွားခဲ့လို့ လူ ဆယ်ဦးသေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု မတ်လ ၁၇ ရက်က ဖြစ်ပွားသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လူ ငါးဦး လိုက်ပါလာတဲ့ အဆိုပါလေယာဉ်ဟာ မနီလာမြို့ မြောက်ဘက်ကနေ ပျံတက်ထွက်ခွာလာခဲ့ပြီး ခဏအတွင်းမှာပဲ နေအိမ်တစ်လုံးပေါ် ထိုးဆင်းပျက်ကျသွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ လူငါးဦး အပါအဝင် မြေပြင်ရှိ လူ ငါးဦး စုစုပေါင်း ဆယ်ဦး သေဆုံးသွားခဲ့ကြောင်း ဖိလစ်ပိုင် အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့က ပြောပါတယ်။
လေယာဉ်ပျက်ကျရာ နေအိမ်မှာလည်း မီးလောင်မှု ဖြစ်ပွားခဲ့သေးပြီး မြေပြင်ရှိ လူနှစ်ဦး မီးလောင်ဒဏ်ရာတွေ ရရှိသွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အင်ဂျင်နှစ်လုံးတပ် ပျက်ကျလေယာဉ်ငယ်ကတော့ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Lite Air Express က ဖြစ်တယ်လို့ သိရပါတယ်။
ယခုအချိန်မှာတော့ အဆိုပါ လေယာဉ်ပျက်ကျရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။