ဆန်ဒီယာဂို၊ မတ် ၁၄ ။ ။ မက္ကဆီကိုနယ်စပ်တွင် ကာရံမည့် နယ်ခြားတံတိုင်း၏ ရှေ့ပြေးပုံစံအတွက် သမ္မတ ဒေါ်နယ်ထရမ့်က လာရောက်စစ်ဆေးကြည့်ရှုချိန်တွင် ထောက်ခံသူနှင့် ကန့်ကွက်သူများ စုရုံးရောက်ရှိနေခဲ့သည်။
ဆန်ဒီယာဂိုတွင် မတ် ၁၃ ရက်က သမ္မတယာဉ်တန်း ဖြတ်သန်းသည့် လမ်းကြောင်းတစ်လျှောက် ထောက်ခံသူများက စုရုံးရှိနေသကဲ့သို့ တစ်ဖက်တွင် ကန့်ကွက်သူများကလည်း ဆန့်ကျင်ဆန္ဒပြကြသည်။
ထရမ့်အနေဖြင့် ၎င်း၏ လူဝင်မှုကြီးကြပ်ရေးပေါ်လစီများသည် အေးအေးချမ်းချမ်းဖြင့် အလုပ်ဖြစ်ကြောင်းနှင့် ပတ်သက်ပြီး ပြည်နယ်တာဝန်ရှိသူများနှင့် အခြေအတင်ရင်ဆိုင်နေရသည့်ကြားမှ ကယ်လီဖိုးနီးယားသို့ သမ္မတအဖြစ် ပထမဆုံး ရောက်ရှိလာခြင်းပဲ ဖြစ်သည်။
မက္ကဆီကိုနိုင်ငံ တီဂျူယာနာမှ ဆန်ဒီယာဂိုအထိ နယ်စပ်ခွဲခြားမျဉ်းတစ်လျှောက် နှစ်ဖက်စလုံးတွင် ပြည်သူရာပေါင်းများစွာက စုရုံးရောက်ရှိနေခြင်း ဖြစ်သည်။
ရှေ့ပြေးတံတိုင်းပုံစံ ရှစ်ခုသို့ ထရမ့်လာရောက်ရာ ဧရိယာကို ပိတ်ဆို့ထားပြီး ရဲနှင့် လုံခြုံရေးအဖွဲ့တို့က လူထုအား ထိန်းသိမ်းနေရသည်။
သမ္မတ ယာဉ်တန်းဖြတ်သန်းရာ တစ်လျှောက်က ောထက်ခံသူများနှင့် ကန့်ကွက်သူများကို ရဲက အတန်းထားကာ ခွဲထားရသည်။
နှစ်ဖက်စလုံးက သမ္မတ ယာဉ်တန်းဖြတ်သန်းချိန်တွင် မက္ကဆီကိုနှင့် အမေရိကန်အလံတို့ကို ဝှေ့ယမ်းကာ အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။