မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ရွိုင်ယန်ဂစ်ဟာ Street football ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ပွဲစဉ်တွေကို အားပေးဖို့အတွက် ကမ္ဘောဒီးယားနိုင်ငံကိုရောက်ရှိနေပါတယ်။
ပြိုင်ပွဲကိုရောက်ရှိနေစဉ်အတွင်းမှာလည်း ကစားသမားတွေကိုတွေ့ဆုံပြီး သူ့ရဲ့ဘောလုံးနဲ့ပတ်သက်တဲ့ခံယူချက်တွေကိုလည်း ပြေဆိုခဲ့ပါတယ်။
ဂစ်က “ကျွန်တော့်အတွက်ဘောလုံးက အရမ်းကောင်းပါတယ်။ ကစားသမားဘဝကနားပြီးချိန်မှာ ဘောလုံးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ တာဝန်ရှိတယ်လို့လည်း ခံယူထားပါတယ်။
ကမ္ဘာတစ်လွှားကလူငယ်တွေကို ဒီလိုလှပတဲ့အားကစားနည်းကိုစိတ်ဝင်စားပျော်ရွှင်လာစေဖို့အတွက် အားပေးကူညီချင်ပါတယ်။ ကျွန်တော်သင်ပေးနိုင်တာတွေလည်း အများကြီးရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။