ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အကြိုသင်္ကြန်တွင် အရက်မသောက်ရန် ကန့်သတ်ထား

ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ အကြိုသင်္ကြန်တွင် အရက်မသောက်ရန် ကန့်သတ်ထား

 

ရန်ကုန်၊ မတ် ၆ ။                  ။ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံ၊ ရွာသာကြီး စီးပွားရေးတက္ကသိုလ်တွင် ပြုလုပ်နေသော အကြိုသြင်္ကန်တွင် ကျောင်းသားများ၏ လုံခြုံရေးအတွက် အရက်သေစာ သောက်စားမှုကို ကန့်သတ်ထားသည်ဟု ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ သိဒ္ဓိအောင်ကပြောသည်။

သြင်္ကန်အကြိုပွဲကို နံနက် ၁၀ နာရီမှစတင်ပြီးနေ့လယ်ပိုင်းအထိပြု လုပ်မည်ဖြစ်ကာ ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်းသိရသည်။

" အရက်သေစာသောက်စားမှုကိုလုံး၀ ကန့်သတ်ထားပါတယ်။ ပြီးတော့ လုံခြုံရေးအနေနဲ့ ၁၂ ယောက် ခေါ်ထားပါတယ်။ ပြီးတော့ လူနာတင်ယာဉ် ၂ စီးလည်း အရေးပေါ်ခေါ်ထားပါတယ်။ နှစ်တိုင်းကတော့ ကျောင်းသားတွေက ရိုးရိုးတန်းတန်းရေခွက်လေးတွေနဲ့ပက်တာ ။ အဲဒါကနေပြီးတော့ သိုက်သိုက်ဝန်းဝန်း တစ်နေရာတည်း မှာစုစုစည်းစည်းပက်ကြမယ်ဆိုပြီးတော့ ကျွန်တော်တို့ ကျောင်းသားမဂ္ဂကနေ ဦးဆောင်ပြီး ပြုလုပ်တာပါ " ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ သိဒ္ဓိအောင်ကပြောသည်။

အဆိုပါ စီးပွားရေးတက္ကသိုလ်အကြိုသြင်္ကန်တွင် မြန်မာ့ရိုးရာအကအလှများအပြင် ခေတ်ပေါ်တေးဂီတ ဖျော်ဖြေပွဲများလည်း ပါဝင်ပြီး စတုဒီတာကျွေးမွေးသည့် မဏ္ဍပ် ၂၈ ခုခန့်ရှိကြောင်းသိရသည်။

ထို့အပြင် ပွဲအတွက် ကုန်ကျစရိတ်များကို ကျောင်းသားများထံမှ အလှူခံပြီး ပြင်ပကုမ္မဏီများမှလည်း ကူညီမှု များရှိခဲ့ကာ စုစုပေါင်း ၁၅ သိန်းခန့် ကုန်ကျထားကြောင်းလည်းသိရသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ယခင်နှစ်မှစတင်ကာ အကြိုသြင်္ကန်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးယခုအကြိမ်မှာ ဒုတိယအကြိမ်အဖြစ်ပြုလုပ်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly