မန္တလေး၊ဖေဖော်ဝါရီ ၁၃ ။ ။ ကလေးများ၏ အခြေခံသဘောတရားများကို အလေးထားကာကွယ်စောင့်ရှောက်ရန်နှင့်ကလေးများ ပါဝင်ဆောင်ရွက်ခွင့် ရရှိရေးတို့ကို ထည့်သွင်းစောင့်ရွက်ပေးကြရန် ဆရာ၊ဆရာများ၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ယုယုမေက တိုက်တွန်းပြောကြားသည်။
ဖေဖော်ဝါရီလ ၁၃ ရက်က မန္တလေးမြို့၊မြို့တော်ခန်းမတွင် ပြုလုပ်သည့် ၁၀၃နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့်မြန်မာကလေးများနေ့အခမ်းအနားတွင် ပြောကြားခြင်းဖြစ်သည်။
"တိုင်းပြည်ရဲ့အနာဂတ်ဖြိုးတိုးတက်ရေးအတွက် လူမှုစီးပွားရေးလမ်းစဉ်တွေဟာ ကလေးသူငယ်များအတွက် အနာဂတ်အတွက်ပါ မူတည်နေတဲ့အတွက် ထိရှလွယ် အုပ်စုထဲမှာပါဝင်နေတဲ့ ကလေးတွေရဲ့အခြေခံသဘောတရားတွေကို အလေးထားကာကွယ် စောင့်ရှောက်ပေးကြပါ။ကလေးများပါဝင်ဆောင်ရွက်ခွင့်ရရှိရေးကို ထည့်သွင်းဆောင်ရွက်ပေးကြပါ" ဟုဒေါက်တာ ဒေါ်ယုယုမေက ပြောသည်။
ဆက်လက်၍ ၎င်းက"ကလေးသူငယ်များနဲ့ပတ်သက်တဲ့ အရေးကိစ္စများကို လူမှုအဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အနာဂတ်နဲ့သက်ဆိုင်တဲ့ လူမှုဖွံ့ဖြိုးရေးကိစ္စရပ်များဆက်လက်ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ"ဟုပြောကြားသည်။
ကလေးများအတွက် ဖွံ့ဖြိုးတိုးတက်အောင် ရင်းနှီးမြှုပ်နှံမှသာ မြန်မာနိုင်ငံသည် ကောင်းမွန်သည့် လူသားအရင်းအမြစ်တို့ ဦးဆောင်သော နိုင်ငံတော်ကြီးဖြစ်မည်ဟု ဒေါက်တာ ယုယုမေကဆိုသည်။