၂၀၁၈ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒရာက ဆီဒင် အဆင့် ၆ ကစားသမား မာရင်စီလစ်ကို အနိုင်ရပြီး ဆုဖလားဆွတ်ခူးသွားခဲ့ပါတယ်။
ဖက်ဒရာဟာ သြစတြေးလျအိုးပင်း ဆုဖလားကို ခြောက်ကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး ဂရင်းဆင်းအဆင့်ပြိုင်ပွဲတွေမှာ ဆုဖလား အကြိမ် ၂၀ မြောက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဗိုလ်လုပွဲစဉ်မှာ ဖက်ဒရာဟာ ခရိုအေးရှားမှ မာရင်စီလစ်ကို ပွဲငယ် ငါးပွဲ အကြိတ်အနယ်ကစားပြီး ၆-၂၊ ၆-၇ (၅-၇)၊ ၆-၃၊ ၃-၆၊ ၆-၁ ရမှတ်ဖြင့် အနိုင်ရခဲ့ပါတယ်။ ဖက်ဒရာဟာ ပြိုင်ဘက်ကို အနိုင်ကစားရဖို့ အချိန် ၃ နာရီနှင့် ၃ မိနစ်ကြာရှိခဲ့ပါတယ်။
အသက် ၃၆ နှစ် ဖက်ဒရာဟာ ၁၉၇၂ ခုနှစ်ကတည်းက သြစတြေးလျအိုးပင်း ဆုဖလားကို ရရှိခဲ့ပြီး ၎င်းရဲ့ မဲလ်ဘုန်းမှာ ဆုဖလား ၆ ကြိမ်ရရှိထားမှုဟာ ဆားဗီးယားကြယ်ပွင့် ဂျိုကိုဗစ်ရဲ့ စံချိန်နှင့် တူညီသွားခဲ့ပါတယ်။
အဆိုပါဆုကို ရယူနိုင်ခဲ့ပြီးနောက် ဖက်ဒဲရားက အားပေးခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း၊ အိပ်မက်များ အမှန်တကယ်ဖြစ်လာပြီဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
ဖက်ဒဲရားက “အိပ်မက်တစ်ခု အမှန်တစ်ကယ်ဖြစ်လာခဲ့ပါပြီ။ ကျနော် အရမ်းပျော်ပါတယ်။ ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်ဗျာ”လို့ ပြောဆိုသွားခဲ့ပါတယ်။
ဖက်ဒရာဟာ သြစတြေးလျအိုးပင်း ဆုဖလားကိုရရှိခဲ့ပြီးနောက် ဂရင်းဆလင်းအဆင့်ပြိုင်ပွဲတွေမှာ အကြိမ် ၂၀ နဲ့အထက် ဗိုလ်စွဲနိုင်ခဲ့တဲ့ စတုတ္တမြောက် တင်းနစ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
ဖက်ဒရာဟာ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ATP ရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ် ၂ နေရာမှာ ရှိနေမှာဖြစ်ပါတယ်။
ဇန်နဝါရီ ၂၇ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြေးလျအိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်မှာတော့ ဒိန်းမတ်သူ ကာရိုလိုင်း ဝေါ့ဇ်နီယာကီက ရိုမေးနီးယားတင်းနစ်မယ် ဟာလက်ပ်ကို ၇-၆၊ ၃-၆၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
သူမဟာ သြစတြေးလျအိုးပင်း ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး ဂရင်းဆလင်းအဆင့်ပြိုင်ပွဲဆုဖလားကိုလည်း ပထမဆုံး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
ဝေါ့ဇ်နီယာကီဟာ ယခုနိုင်ပွဲကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို ပြန်လည်ရယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
Ref; EFE-EPA