ရှားပါးလမ်းလျှောက်ငါးမျိုးစိတ်အုပ်စုသစ်အား သိပ္ပံပညာရှင်များ တွေ့ရှိ

ရှားပါးလမ်းလျှောက်ငါးမျိုးစိတ်အုပ်စုသစ်အား သိပ္ပံပညာရှင်များ တွေ့ရှိ

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၄ ။          ။ သြစတြေးလျနိုင်ငံ တောင်ပိုင်း တက်စ်မာနီးယားကမ်းရိုးတန်းတွင် ပင်လယ်ကြမ်းပြင်တစ်လျှောက် လမ်းလျှောက်ကြသော ငါးအုပ်ငယ်တစ်အုပ်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း တက်စ်မာနီးယားတက္ကသိုလ်၏ ဇန်နဝါရီ ၂၄ ရက် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

တက်စ်မာနီးယား အရှေ့တောင်ပိုင်းတွင် Red Handfish ငါးမျိုးအုပ်ကို တွေ့ရှိခြင်းဖြစ်ပြီး ၎င်းမျိုးအုပ်မှ အကောင် ၂၀ မှ ၄၀ ကြားကို ဖရက်ဒရစ်ဟန်နရီပင်လယ်အော်ဖက်တွင် ပြီးခဲ့သည့်သီတင်းပတ်အထိ တွေ့ရှိခဲ့ကြောင်း ယင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်က ဆိုသည်။

ယခု လမ်းလျှောက်ငါးအုပ်သစ်တွင် ကောင်ရေ ၂၀ မှ ၄၀ ကြားရှိပြီး တွေ့ရှိသည့်နေရာကို ကာကွယ်စောင့်ရှောက်ရေးအဝန်းအဝိုင်းအဖြစ် သတ်မှတ်ရန် မဆွေးနွေးနိုင်သေးမချင်း သိပ္ပံပညာရှင်များက အတိအကျ ထုတ်ဖော်ခြင်း မပြပေ။

ယခု ငါးမျိုးစိတ် ကျက်စားရာ ဝန်းကျင်သည် မီတာ ၂၀ မှ ၅၀ အကျယ်အဝန်းသာ ရှိသည်။ ၎င်းတို့က ကူးခပ်သည့်အစား ရေအောက်ကြမ်းပြင်တွင် လမ်းလျှောက်သွားလာခြင်းကြောင့် စားကျက်နယ် ကျဉ်းမြောင်းခြင်း ဖြစ်သည်။

အဆိုပါ တက္ကသိုလ်မှ ပင်လယ်ကျောက်တန်းများအား တိုင်းတာရေးသုတေသန ဆောင်ရွက်စဉ် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ယခုငါးအုပ်ကို တွေ့ရှိခြင်း ဖြစ်သည်။

“အခုတွေ့တဲ့ လမ်းလျှောက်ငါးအုပ်ကို တွေ့ရတာဟာ ဒီကမ္ဘာပေါ်မှာ ကျွန်တော်တို့ သိစရာတွေ ဘယ်လောက်များများ ကျန်ဦးမလဲ ဆိုပြီး တွေးမိစေတယ်။”ဟု သိပ္ပံပညာရှင်အုပ်စုမှ ဒေါက်တာ ရစ်စမစ်က ပြောသည်။

လမ်းလျှောက်ငါးမျိုးစိတ်ဖြစ်သော Red Handfish ငါးများသည် အရှည် စင်တီမီတာ ခြောက်မှ ၁၃ ဒဿမ ၅ ကြားတွင် ရှိသည်။ ပထမဆုံး ယင်းမျိုးစိတ်ကို တွေ့ရှိသည်မှာ ၁၉ ရာစုအတွင်းက တက်စ်မာနီးယားရှိ ပေါ့အာသာဆိပ်ကမ်းအနီးတွင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly