ဇန်နဝါရီ ၂၃ ။ ။ မက္ကဆီကိုနိုင်ငံမှာ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကောင်းချီးမင်္ဂလာခံယူစေတဲ့ ထူးခြားတဲ့ ရိုးရာအခမ်းအနားတစ်ခုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်က နှစ်စဉ်ကျင်းပနေကျအတိုင်း ကျင်းပခဲ့ပါတယ်။
ဒီ ရိုးရာ ထုံးတမ်းအစဉ်အလာ အခမ်းအနားမှာတော့ နိုင်ငံရဲ့ Iztapalapa မြို့နေ အမျိုးစုံသော အိမ်မွေးတိရိစ္ဆာန် ပိုင်ရှင်အသီးသီးဟာ San Pablo Ermitano ဘုရားကျောင်းကို လာရောက်ပြီး ၎င်းတို့တွေရဲ့ တိရိစ္ဆာန်လေးတွေအတွက် ကောင်းချီးမင်္ဂလာပေးမှုကို ခံယူကြတာဖြစ်ပါတယ်။
ဒီ အခမ်းအနားကိုတော့ တိရိစ္ဆာန်များ၏ ဦးစီးဦးဆောင် သူတော်စင် Anthony ကို ဂုဏ်ပြုအမှူးထားပြီးတော့ နှစ်စဉ် ဇန်နဝါရီလ ၂၂ ရက်ရောက်တိုင်း ကျင်းပလေ့ရှိပါတယ်။
အခမ်းအနား တက်ရောက်လာတဲ့ အိမ်မွေး တိရိစ္ဆာန် ပေါင်းစုံတို့ကို ဘုရားကျောင်း ဘုန်းတော်ကြီးတစ်ပါးက ကောင်းချီးမင်္ဂလာချီးမြှောက်ပေးပါတယ်။