အဲဗာတန်အသင်းက အာဆင်နယ်တိုက်စစ်မှူး သီယိုဝေါလ်ကော့ကို သုံးနှစ်ခွဲ စာချုပ်ဖြင့် ခေါ်ယူစာချုပ်ခဲ့ပြီးဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က တရားဝင် အတည်ပြု ကြေညာခဲ့ပါတယ်။
အသက် ၂၈ နှစ်ရှိ ဝေါလ်ကော့ဟာ အာဆင်နယ်အသင်းမှာ ၁၂ နှစ်ကြာ ကစားခဲ့ရာမှာ ၃၉၇ ပွဲမှာ ၁၀၈ ဂိုး သွင်းယူခဲ့ပါတယ်။
“ကျနော်ဟာ ရည်မှန်းချက် အလွန်ကြီးပြီး ကျနော် ဒီကို လာခဲ့တာက ကလပ်အသင်းကို နောက်တစ်ဆင့်အထိ တွန်းပို့ချင်လို့ပါ။”လို့ ဝေါလ်ကော့က လက်မှတ်ထိုး စာချုပ်ပြီးနောက် ပြောဆိုခဲ့ပါတယ်။
“ကျနော် အဓိကအခန်းသစ်တစ်ခု စတင်ဖို့ကို အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျနော်အတွက် မှန်ကန်တဲ့ နေရာဖြစ်လာမယ်လို့ ခံစားမိပါတယ်။”လို့ သူက ပြောပါတယ်။
ဝေါလ်ကော့အတွက် မာဆေးဆိုက်ကလပ်ဟာ ယူရို ၂၂.၆ သန်းဝန်းကျင် ပေးခဲ့ရတယ်လို့ သိရပါတယ်။
အဲဗာတန်အသင်းကို ရောက်ရှိလာတဲ့ ဝေါ်ကော့ဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ၄၇ ပွဲကစားခဲ့ပြီး ၈ ဂိုး သွင်းယူခဲ့ပါတယ်။
Ref; EFE_EPA