ဇန်နဝါရီ ၁၇၊ အင်္ဂလန် ။ ။ ယူအီးအက်ဖ်အေ၏ အသစ်ထုတ်ပြန်လိုက်သော စစ်တမ်းအရ အာဆင်နယ်အသင်းပရိသတ်များသည် အခြားသောအသင်းပရိသတ်များထက် ငွေကြေးပိုမိုသုံးစွဲနေရကြောင်း သိရှိရသည်။
အာဆင်နယ်ပရိသတ်များသည် ပွဲတစ်ပွဲကြည့်ရှုရန် ပေါင် ၇၄.၀၉ ပေါင် အသုံးပြုနေရသည်။ ယင်းပမာဏမှာ ကမ္ဘာပေါ်ရှိ အခြားသောပရိသတ်များ၏ငွေကြေးသုံးစွဲမှုထက် ပိုမိုများပြားသည့် ပမာဏဖြစ်သည်။
အာဆင်နယ်ပရိသတ်များ၏နောက်တွင် ဒုတိယအများဆုံးငွေသုံးနေရသည့် ပရိသတ်များမှာ ချယ်လ်ဆီးအသင်းပရိသတ်များဖြစ်သည်။ ချယ်လ်ဆီးအသင်းပရိသတ်များမှာ ၆၈.၇၁ ပေါင် သုံးစွဲနေရသည်။
အာဆင်နယ်နှင့်ချယ်လ်ဆီးအသင်းပရိသတ်များ၏နောက်တွင် ရီးယဲလ်ပရိသတ်များက(၅၅.၉၁ ပေါင်)၊ လီဗာပူးလ်ပရိသတ်များက(၅၅.၆၈ ပေါင်)၊ ဘိုင်ယန်မြူးနစ်ပရိသတ်များက(၅၄.၉၂ ပေါင်)သုံးစွဲနေရသည်။
မန်ယူပရိသတ်များမှာ ပွဲတစ်ပွဲအတွက် (၅၃.၄၁ ပေါင်) အသုံးပြုနေရပြီး မန်စီးတီးပရိသတ်များမှာ(၄၀.၈၃ ပေါင်) အသုံးပြုနေရသည်။
စပါးအသင်းပရိသတ်များမှာ ၎င်းတို့အသင်း၏ ပွဲတစ်ပွဲကြည့်ရှုရန် အာဆင်နယ်ပရိသတ်များထက် ပေါင် ၄၀ ကျော် ဈေးနှုန်းသက်သာနေသည်။