ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။ ။ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် Mister Tourism World 2017 ပြိုင်ပွဲဝင်များ အတွက် Top 8 အလိုအလျောက် ရောက်ရှိမည့် Online Voting ကို ဒီဇင်ဘာ ၁၃ရက် မှ စတင်ပြီး ပေးနိုင်ပြီ ဖြစ်သည်။
Mister Tourism World 2017 ပြိုင်ပွဲသည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၁၃နိုင်ငံမှ အလှမောင်များလည်း ပါ၀င်ကာ မြန်မာကိုယ်စားပြု အဖြစ် အောင်ဆိုင်းထွဋ်ကို ၀င်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ထားသည်။
လက်ရှိတွင် အောင်ဆိုင်းထွဋ် အနေဖြင့် အဆိုပါပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး Mister Tourism World 2016 ရရှိခဲ့သည့် ဥက္ကာမင်းမောင်က အောင်ဆိုင်းထွဋ် ကို စလွယ်လွှဲပြောင်း ပေးအပ် သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄နိုင်ငံမှ အလှမောင်များ သည် ပြိုင်ပွဲ နှင့်ပတ်သက်သည့် လှုပ်ရှားမှုများ ကို လုပ်ဆောင်လျက် ရှိပြီး Mister Tourism World 2017 ပြိုင်ပွဲတွင် ပါ၀င်သည့် National costume & Preliminary competition ယှဉ်ပြိုင်မှုကို ဒီဇင်ဘာ ၁၉ရက်၊ ရန်ကုန်မြို့ ရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပြုလုပ်မည် ဖြစ်သည်။
Mister Tourism World ကို ၂၀၁၆ ခုနှစ်၌ Philippines နိုင်ငံ တွင် ပထဦးဆုံးအကြိမ် အဖြင့် စတင် ကျင်းပ ခဲ့ပြီး Myanmar ကိုယ်စားပြု အနေဖြင့် သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးနှင့် Titles ဆု ၃ ဆုကို ရရှိခဲ့သည်။
မြန်မာက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် Mister Tourism World 2017 Grand Final ပြိုင်ပွဲကို MNTV ရုပ်သံလိုင်း နှင့် Channel 9 ရုပ်သံလိုင်းတို့မှ နိုင်ငံတကာသို့ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပြသ သွားမည် ဖြစ်သည်။