ဆိုးလ်၊ သြဂုတ်-၂၀ ။ ။ ဒေသတွင်းမီဒီယာ၏ သတင်းပို့ချက်အရ မြောက်ကိုရီးယားနှင့် အိမ်နီးချင်းတောင်ကိုရီးနှစ်နိုင်ငံ အပြန်အလှန် အမြှောက်ဖြင့် ပစ်ခတ်နေကြသောကြောင့် နယ်စပ်အနီး တွင်နေထိုင်သူများမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ဆိုသည်။
အာဏာရှင် ကင်ဂျုံအွန်၏ ဝန်ကြီးဌာနမှ စစ်သားများက မကြာသေးမီက ပြုံယမ်းဆန့်ကျင်ရေးများ အသံလွှင့်နေသည့် အသံချဲ့စက်များကို ပစ်ခတ်ခဲ့ဖွယ်ရာရှိသည်ဟု ဆိုသည်။
နိုင်ငံ၏စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် ၁၅၅မမ အမြောက်ဆံများကို ဒါဇင်ပေါင်းများစွာ မပစ်ခတ်မီ အနောက်ဘက်နယ်စပ် အနီးတွင်နေထိုင်သူများ ကိုတောင်ကိုရီးယား အာဏာပိုင်များ ကဘေးလွတ်ရာသို့ နေရာပြောင်းရွှေ့ပေးခဲ့သည်ဟု ဆိုသည်။
နောက်ထပ်အစီအစဉ်များ ဆွဲရန်အတွက်လည်း နိုင်ငံတော်လုံခြုံရေးကောင်စီ ညီလာခံကျင်းပမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ကြေညာခဲ့သည်။
၂၀၁၄ခုနှစ် မတ်လကတည်းက တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား အမြောက်ဖြင့် အပြန်အလှန်ပစ်ခတ်မှု မရှိခဲ့ဘဲ ယခုအကြိမ်သည့် ပထမဆုံးအကြိမ် ပစ်ခတ်ခြင်းပင်ဖြစ်သည်။